အုတ်တွင်းမြို့တွင် ရှင်လောင်းလှည့်သည့် ဆင်မှမုန်ယိုပြီး ထွက်ပြေးရာ မြတ်ရိတ်သည့် အမျိုးသားအားနင်းမိ၍ သေဆုံး
PUBLISHED - December 27, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ အုန်းပင်ကျေးရွာရှိ သံတံတားအနီးကိုင်းကွက်ထဲတွင် အမျိုး သားတစ်ဦး မြတ်ရိတ်နေစဉ် ရှင်လောင်းလှည့်သည့်ဆင်မှ မုန်ယိုပြီးထွက်ပြေးလာစဉ် ထိုအမျိုးသားကို နင်းမိ ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၆ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် မအူပင်ကျေးရွာရှိ အလှူအိမ်မှ ကျေးရွာများအား လှည့် ပတ်စဉ် သံတိုင်ခင်ကျေးရွာအရောက်၌ ရဟန်းလောင်းနှင့် ရှင်လောင်းများအားချပြီး နားနေစဉ်အတွင်း ဆင်မှ မုန်ယိုပြီးထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုဆင်နင်းမိမူကြောင့် သေဆုံးသည့် အုန်းပင်ကျေးရွာတွင် နေသည့် အသက် (၆၀) နှစ်အရွယ် ဦးစိန်းဝင်မှာ ၎င်းပိုင်သည့် လယ်တောထဲ၌ မြတ်များရိတ်နေစဉ် နင်းမိကြောင်း၊ ဆင်နင်းမိမူကြောင့် ဦးခေါင်းနှင့် ခန္ဓာ ကိုယ်တို့မှာပြားသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia