အုတ်တွင်းမြို့နယ်၊ မျက်နီကွင်းကျေးရွာအတွင်းသို့ KNU/PDF အဖွဲ့များက Drone ယာဉ်ဖြင့် ဗုံးပစ်ချတိုက်ခိုက် မှုကြောင့် ၁၄ နှစ်အရွယ် မိန်းကလေးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - August 15, 2023
နေပြည်တော်၊ သြဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မျက်နီကွင်းကျေးရွာအတွင်းသို့ KNU/PDF အဖွဲ့များက ဩဂုတ်လ ၁၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်တွင် Drone ယာဉ်ဖြင့် ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် ၁၄ နှစ်အရွယ် မိန်းကလေးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၊ မျက်နီကွင်းကျေးရွာအတွင်းသို့ KNU/PDF အဖွဲ့များက အကြောင်းမဲ့ Drone ယာဉ်ဖြင့် ဗုံးဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာနေ မထက်ထက်မြတ် ၁၄ နှစ်တွင် မျက်လုံးဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ခြေသလုံးစုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဆီးခုံပေါက်ပြဲဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့ပြီး၊ ဒေါ်ခင်မျိုးသန့်တွင် ညာ လက်ဖျံပေါက်ပြဲဒဏ်ရာ ၁ ချက် ရရှိခဲ့ကြောင်း သိရသည်။
#PeopleMedia