• Follow Us on
Latest News

Home အုတ်တွင်းမြို့နယ် ဝက်ဖြူကုန်းကျေးရွာတွင် ရေဘေးရှောင်ပြည်သူ (၁၃၃) ဦး အစာအဆိပ်သင့်မှုဖြစ်ပွါး

အုတ်တွင်းမြို့နယ် ဝက်ဖြူကုန်းကျေးရွာတွင် ရေဘေးရှောင်ပြည်သူ (၁၃၃) ဦး အစာအဆိပ်သင့်မှုဖြစ်ပွါး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၉

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ရေဘေးရှောင်ပြည်သူ (၄၀၀)ဦး အနက် (၁၃၃)ဦး အစာအဆိပ်သင့်မှု ဖြစ်ပွါးခဲ့ပြီး အရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။

 

စက်တင်ဘာလ (၁၈)ရက် ညပိုင်းက အုတ်တွင်းမြို့နယ် ဝက်ဖြူကုန်းကျေးရွာတွင် အလှူရှင်များ လာရောက် လှူဒါန်းသည့် ကြာဆံကြော်၊ အချဉ်နှင့် ထမင်း၊ ကြက်ဥမန်ကျည်းမှည့်ချက်များအား ကျေးရွာနေပြည်သူများ စားသောက်ပြီးနောက် ဗိုက်နာခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း စသည့် အစာအဆိပ်သင့် ရောဂါလက္ခဏာ များ ဖြစ်ပွါးခဲ့သည်။

 

ယင်းသို့ အစာအဆိပ်သင့်မှုဖြစ်ပွါးခြင်းကြောင့် တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပြင်ပ လူနာအဖြစ် (၆၈)ဦး၊ အတွင်းလူနာအဖြစ် (၆၅)ဦး ပို့ဆောင်ကာ ဆေးကုသမှုပေးခဲ့ရပြီး လူနာများ အခြေအနေ သက်သာကောင်း မွန်ကြောင်း သိရသည်။

 

ယင်းအပြင် ဆေးရုံတက်လူနာများအနက် အတွင်းလူနာ (၄၁)ဦးသည် သက်သာကောင်းမွန်လာသဖြင့် ယနေ့ စက်တင်ဘာလ (၁၉)ရက် နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post