• Follow Us on
Latest News

Home အုတ်ဖိုမြို့တွင် ကျောင်းသားတစ်ဦးအပါအဝင် ပြည်သူ (၆) ဦး ဒဏ်ရာရရှိ၍ (၁) ဦးသေဆုံး

အုတ်ဖိုမြို့တွင် ကျောင်းသားတစ်ဦးအပါအဝင် ပြည်သူ (၆) ဦး ဒဏ်ရာရရှိ၍ (၁) ဦးသေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၉

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြောင်ကျေးရွာတွင် နေအိမ်တစ်အိမ်၌ PDF များမှ သေနတ် ဖြင့်ပစ်ခတ်ရာ ကျောင်းသားတစ်ဦးအပါအဝင် ပြည်သူ (၆) ဦးဒဏ်ရာရရှိ၍ (၁) ဦးသေဆုံးသွားကြောင်း သိရ သည်။

 

ဇန်နဝါရီလ ၇ ရက် မွန်းလွဲ ၂ နာရီကျော်တွင် PDF (၇) ဦးမှ မြောင်ကျေးရွာရှိ ဒေါ်စန်းစန်းအေး၏နေအိမ်သို့ ရောက်ရှိလာပြီး ထိုနေအိမ်တွင် ၎င်း၏သားမတ်ဖြစ်သူ ရစဖမှူး ဦးကျော်ကိုကို၊ ထိုအမျိုးသား၏ သားဖြစ်သူ မောင်မိုးသွင်ခ Grade-6(အလက-မြောင်)၊ ခယ်မဖြစ်သူ မနီလာဝင်း(၃၈)နှစ်၊ ထိုနေအိမ်သို့ ထင်းဖြတ်ရန် ရောက်ရှိနေသည့် မင်းသူအောင်၊ မင်းမင်းတို့ကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရမူကြောင့် ရစဖမှူး ဦးကျော်ကိုကို မှာ မျက်နှာဝဲ ဘက်ခြမ်းကျည် ဖောက်ဝင်/ နောက် စေ့ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မနီလာဝင်း တွင် ဝဲ/ရင်အုံကျည် ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာလက်ကောက်ဝတ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မင်းမင်းတွင် မျက်နှာ ယာဘက်ခြမ်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မင်းသူအောင်တွင် ဝဲပေါင်/ နောက်ကျော ကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက်တိုဖြင့် သေဆုံးနေပြီး ဒေါ်စန်းစန်းအေး တွင် နောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ မောင်မိုးသွင်ခ တွင် ယာဒူးကျည်ရှပ်ထိဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) ရရှိထားသည်ကို တွေ့ရှိရကာ အခင်းဖြစ် နေရာတွင် ၇.၆၂ ကျည်ခွံ ၈ ခု၊ ၅.၅၆ ကျည်ခွံ ၁၆ ခု၊ ၁၂ ဗိုကျည်ခွံ ၅ ခုတို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဒဏ်ရာရရှိသူ (၅) ဦးနှင့် သေဆုံးသူ (၁) ဦးတို့ကို အုတ်ဖိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရ သည်။

 

Photo – Credit

 

#PeopleMedia


Share this post