အုတ်ဖိုမြို့တွင် အသက် (၅၄) နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး
PUBLISHED - October 6, 2023
နေပြည်တော်၊ အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၏ အရှေ့မြောက်ဘက် (၉) မိုင်ခန့်အကွာ လူနေထိုင်ခြင်းမရှိ သည့် နေရာသို့အရောက်တွင် အသက်(၅၄) နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွား ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၄ ရက် နံနက် ၉:၃၀ အချိန်တွင် ဦးဇော်ဝမ်းမှာ ကြိုးကိုးပင်ကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး ၎င်းမှာ ထိုကျေးရွာ၏အရှေ့ပိုင်းမှ မော်တော်ဆိုင်ကယ်ဖြင့် ၎င်းနေထိုင်သည့် နေအိမ်သို့ မောင်းနှင်လာ စဉ် အုတ်ဖိုမြို့၏ အရှေ့မြောက်ဘက် (၉) မိုင်ခန့်အကွာ လူနေထိုင်ခြင်းမရှိသည့် နေရာသို့အရောက်တွင် PDF များမှ ထိုအမျိုးသားကို သေနတ်ဖြင့်ပ စ်ခတ်သွားကြောင်း သိရသည်။
ထိုပစ်ခတ်ခံရသည့် ဦးဇော်ဝမ်း၏ လည်ပင်းညာဘက်/ဝဲပါး/ ညာဘက်နောက်ကျော/ဝမ်းဗိုက်ညာဘက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက်၊ ညာဘက် လက်မောင်းမှာစုတ်ပြဲဒဏ်ရာ ၁ ချက်၊ ညာဘက်ကျောတွင် ပွန်းခြစ် ဒဏ်ရာ ၁ ချက်၊ စုစုပေါင်း ဒဏ်ရာ (၆) ချက်တို့ရရှိပြီး သေဆုံးသွားကြောင်း၊ ရုပ်အလောင်းကို အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်း၏မော်တော်ဆိုင်ကယ်ကို PDF များမှ ယူဆောင်သွားကြောင်း သိရ သည်။
Photo – Credit
#PeopleMedia