အုတ်ဖိုမြို့တွင် အုပ်ချုပ်ရေးမှူးဇနီးမောင်နှံနှစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် PDF (၁) ဦး ထပ်မံ သေဆုံး
PUBLISHED - March 4, 2024
နေပြည်တော်၊ မတ် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ ကိုင်းကြီးအုပ်စု၊ ကိုင်းကြီးကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဇနီး မောင်နှံနှစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် PDF (၁) ဦး ထပ်မံသေဆုံးသွားကြောင်း သိရသည်။
မတ်လ ၃ ရက် ညနေ ၃ နာရီအချိန်တွင် PDF (၂) ဦးမှ ကိုင်းကြီးကျေးရှိ အုပ်ချုပ်ရေးမှူးအိမ်သို့ ရောက်ရှိလာပြီး နေအိမ်အတွင်းရှိနေသည့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ဇနီးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း၊ ထို အုပ်ချုပ်ရေးမှူးလည်း ၎င်းကိုလာရောက်ပစ်ခတ်သည့် PDF များကို လက်ပစ်ဗုံးဖြင့် ပြန်လည်ပစ်ခတ်ရာ PDF (၁) ဦးသေဆုံးပြီး၊ PDF (၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း YOMA (GBK PDF) များမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်လပိုင်းကလည်း အုတ်ဖိုမြို့တွင် PDF သေနတ်ဖြင့်ပစ်ခတ်ရာ ကျောင်းသားတစ်ဦးအပါအဝင် ပြည်သူ(၆) ဦး သေနတ်ပစ်ခတ်ခံရပြီး (၁) ဦးသေဆုံးသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။
Photo – Credit
#PeopleMedia