အုတ်ဖိုမြို့တွင် PDF (၁) လောင်းနှင့်အတူ လက်နက်သိမ်းဆည်းရမိ

PUBLISHED - October 11, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့၊ ကျောက်ကြီးတန်းရပ်ကွက်၊ သံတံတားလမ်းထိပ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ရာ PDF အလောင်း (၁) လောင်းနှင့်အတူ ၎င်းကိုင်ဆောင်သည့် လက်နက်သိမ်းဆည်းရရှိကြောင်း သိ ရသည်။
အောက်တိုဘာလ ၁၀ ရက် နံနက် ၄ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မော်တော်ယာဉ်များအား စစ်ဆေးရာတွင် PDF တစ်ဦးမောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးမှ ရပ်တန့်ပေးခြင်းမရှိသောကြောင့် ထို PDF ကို လုံခြုံရေးတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်မှုကြောင့် PDF (၁) ဦးမှာ သေဆုံးပြီး ၎င်းကိုင်ဆောင်သည့် လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ကျည်ဆံ ၁ တောင့်နှင့်အတူ ဓားမြောင် ၁ ချောင်းတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia