အုတ်ဖိုမြို့နယ်တွင် လက်ဖက်ရည်ဆိုင် ထိုင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို PDF က ဝင်ရောက်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ
PUBLISHED - March 5, 2024
နေပြည်တော်၊ မတ် ၅
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းရွာ၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ Shine Cafe တွင် ထိုင်နေ သည့် ရဲတပ်ဖွဲ့ဝင်များကို PDF အဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသွားပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၃ ရက် မွန်းလွဲ (၃)နာရီ (၄၂)မိနစ်တွင် ရန်ကုန်- ပြည် ကားလမ်းဘေးရှိ Shine Cafe တွင် ထိုင်နေ သည့် ရဲတပ်ဖွဲ့ဝင်များကို PDF အဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့သည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် နယ်ထိန်း မင်းသွေးနှင့် ရဲတပ်သား သံချောင်းတို့သည် အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ဖုန်းမြင့်အောင်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို အုတ်ဖို PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုက လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
#PeopleMedia