• Follow Us on

Home အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးအား PDF မှ သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ပိုက်ဆံတို့အား လုယက်သွား

အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးအား PDF မှ သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ပိုက်ဆံတို့အား လုယက်သွား

Share this post

နေပြည်တော်၊ သြဂုတ် ၂၂

 

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ သဲကောကျေးရွာ၌ အုပ်ချုပ်ရေးမှူးတစ်ဦးအား PDF မှ သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ပိုက်ဆံတို့အား လုယက်ယူဆောင်သွားကြောင်း သိရသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းက အုတ်ဖိုမြို့နယ်၊ အုန်းပင်စုကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ဝင်း (၄၈)နှစ်သည် ၎င်း၏နေအိမ်မှ သဲကောကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ထွက်ခွာလာစဉ် သဲကောကျေးရွာလမ်းမပေါ်အရောက်၌ PDF အကြမ်းဖက်သမားသုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် နောက်မှ မောင်းနှင်လိုက်ပါလာကာ သေနတ်ဖြင့် ပစ်ခတ်၍ ဦးအောင်ဝင်း၏ ဆိုင်ကယ်တစ်စီး၊ ငွေနှစ်သိန်းကျပ်နှင့် မှတ်ပုံတင်တို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post