• Follow Us on

Home အုပ်ဖွဲ့ပျံသန်းတဲ့ FPV ဒရုန်းတွေကို မြေပြင်တစ်နေရာတည်းက ထိန်းချုပ်တဲ့စနစ် ရုရှားဒီဇိုင်းရေးဆွဲထုတ်လုပ်နေ

အုပ်ဖွဲ့ပျံသန်းတဲ့ FPV ဒရုန်းတွေကို မြေပြင်တစ်နေရာတည်းက ထိန်းချုပ်တဲ့စနစ် ရုရှားဒီဇိုင်းရေးဆွဲထုတ်လုပ်နေ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၅

 

ယူကရိန်းနိုင်ငံက အခုနှစ် အစောပိုင်းမှာအသုံးပြုခဲ့သလို FPV ဒရုန်းတွေကို အုပ်ဖွဲ့ပျံသန်းအသုံးပြုနိုင်ဖို့အတွက် ရုရှားဒရုန်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဟာ FPV ဒရုန်းတွေ အုပ်စုလိုက် ထိန်းချုပ်မောင်းနှင်နိုင်စွမ်းရှိတဲ့ နည်း ပညာကို ထုတ်လုပ်နေပါတယ်။

 

အုပ်စုလိုက် အုပ်ဖွဲ့ပျံသန်းပြီး တိုက်ပွဲဝင်မယ့် FPV ဒရုန်းတွေကို မြေပြင်စခန်းတစ်ခုတည်းက ကိုင်တွယ်ထိန်းချုပ် တဲ့စနစ်တစ်ခုကို ထရန်စ်ဘိုင်ကယ်လ်ဒေသအခြေစိုက် Veter ကုမ္ပဏီက ဒီဇိုင်းရေးဆွဲထုတ်လုပ်နေကြောင်း ရုရှားအစိုးရမီဒီယာ TASS က ပြောပါတယ်။

 

“IA နည်းပညာသစ်တွေအသုံးပြုထားတဲ့ အဲဒီစနစ်ကို လက်ရှိအချိန်မှာ ထုတ်လုပ်နေပါတယ်။” လို့ သတင်းစာ ရှင်းလင်းပွဲကို ကိုးကားပြီး TASS သတင်းဌာနက ပြောပါတယ်။

 

“FPV ဒရုန်းတွေ အုပ်စုလိုက်လွှတ်တင်နိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ဒရုန်းအုပ်စုတွေကို ထိန်းချုပ်ရေးစခန်းတစ်ခုတည်းကနေ ကိုင်တွယ်ထိန်းချုပ်သွားမှာဖြစ်ပါတယ်။” လို့ TASS သတင်းဌာနက ကိုး ကား ပြောဆိုပါတယ်။

 

တပြိုင်တည်းမှာပဲ အလိုအလျောက် ပစ်မှတ်ခြေရာခံပြီး တိုက်ခိုက်နိုင်တဲ့ AI နည်းပညာသုံး Veter ဒရုန်းတွေကို လည်း စစ်မြေပြင်မှာ အသုံးပြုနေပြီဖြစ်ပါတယ်။

 

ယူကရိန်းမှာ တပ်ဖြန့်ချထားတဲ့ ရုရှားတပ်မတော်ကို လစဉ် ဒရုန်းအစင်းရေ သုံးထောင် ပို့ဆောင်ပေးနေတယ်လို့ ကုမ္ပဏီကို ကိုးကားပြီး TASS သတင်းဌာနက ပြောပါတယ်။

 

“AI နည်းပညာရဲ့အစွမ်းကြောင့် Veter FPV ဒရုန်းတွေဟာ ထိန်းချုပ်မောင်းနှင်သူက နောက်ထပ်ဘာမှထပ်လုပ် စရာမလိုဘဲ ပစ်မှတ်ကို အလိုအလျောက်ရှာဖွေ တိုက်ခိုက်နိုင်ပါတယ်။” လို့ ကုမ္ပဏီသတင်းစာရှင်းလင်းပွဲကိုကိုး ကားပြီး TASS သတင်းဌာနက ပြောပါတယ်။

 

FPV ဒရုန်းတွေကို ယူကရိန်းတပ်တွေ အစုလိုက်အပြုံလိုက်သုံးစွဲလာတဲ့သတင်းကို ပထမဦးဆုံး ရုရှားသတင်းစာ Izvestia မှာ ဖော်ပြခဲ့တာဖြစ်ကြောင်း ရုရှားစစ်မှုထမ်းတစ်ဦးက ပြောပါတယ်။

 

ပျားတွေလို အုပ်ဖွဲ့ပျံသန်းလာတဲ့ ဒရုန်းအုပ်စုကို ပျားဘုရင်မလို အနီးအနားမှာရှိတဲ့ “ခေါင်းဆောင်ဒရုန်း” တစ် စင်းက ထိန်းချုပ်ခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

 

“အစင်းရေ ၁၀ စင်း ဝန်းကျင်ရှိတဲ့ ဒရုန်းအုပ်စုကို အဲဒီဒရုန်းတွေထက်မြင့်တဲ့နေရာကနေ ခေါင်းဆောင်ဒရုန်းက ထိန်းချုပ်ကွပ်ကဲပါတယ်။ ခေါင်းဆောင်ဒရုန်းဟာ ပစ်မှတ်ရှာဖွေထောက်လှမ်းပြီး အဲဒီပစ်မှတ်တွေကို တိုက်ခိုက် ဖို့ အုပ်စုထဲက ဒရုန်းတွေကို အမိန့်ပေးပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Russia Developing FPV Drone Swarm Capability as Ukraine Advances

 

#PeopleMedia


Share this post