• Follow Us on
Latest News

Home အေပါ့စားေသနတ္မ်ား၊ ဒံုးပ်ံမ်ားႏွင့္ ဗံုးမ်ားအပါအ၀င္ အိႏၵိယကေတာင္းဆိုေသာလက္နက္မ်ားကို ႐ု႐ွားျဖည့္ဆည္းေပးမည္

အေပါ့စားေသနတ္မ်ား၊ ဒံုးပ်ံမ်ားႏွင့္ ဗံုးမ်ားအပါအ၀င္ အိႏၵိယကေတာင္းဆိုေသာလက္နက္မ်ားကို ႐ု႐ွားျဖည့္ဆည္းေပးမည္

Share this post

နယူးေဒလီ၊ ႏို၀င္ဘာ ၂
 
ဇြန္လတြင္အိႏိၵယႏိုင္ငံကေတာင္းဆိုခဲ့ေသာကာကြယ္ေရးပစၥည္းမ်ားကို ႐ု႐ွားႏိုင္ငံက ျဖည့္ဆည္းေပးမည္ဟုထုတ္ျပန္သည္။
 
အိႏၵိယေတာင္းဆိုေသာကာကြယ္ေရးပစၥည္းမ်ားတြင္ အေပါ့စားေသနတ္မ်ား၊ ဒံုးပ်ံမ်ားႏွင့္ ဗံုးမ်ားပါ၀င္သည္ဟု ထိုျဖစ္ရပ္ကိုအတည္ျပဳေသာအိႏၵိယသတင္းရင္းျမစ္မ်ားကေျပာသည္။
 
အိႏၵိယေတာင္းဆိုမႈကိုျဖည့္ဆည္းရန္ ေႏြရာသီတြင္ စာခ်ဳပ္အမ်ားအျပားလက္မွတ္ေရးထိုးခဲ့ၿပီး ပို႔ေဆာင္မည့္ရက္ကိုမသိရေသးေသာ္လည္း ၂၀၂၁ ခုႏွစ္၊ မတ္လကုန္ေနာက္ဆံုးထားၿပီး ပို႔ေဆာင္ေပးရမည္ဟုသိရသည္။
 
ယခုႏွစ္ ဇြန္လအတြင္း ေမာ္စကိုၿမိဳ႕သို႔ အိႏၵိယကာကြယ္ေရး၀န္ႀကီး ရန္ဂ်စ္ ဆင္း သြားေရာက္စဥ္ ကာကြယ္ေရးလိုအပ္ခ်က္မ်ား လက္ကမ္းေပးခဲ့ျခင္းျဖစ္သည္။
 
ထိုကာလသည္ ဟိမ၀ႏၲာေတာင္တန္းမွ တ႐ုတ္-အိႏၵိယနယ္စပ္ျဖစ္သည့္လာဒါ့ေဒသအေရး ႏွစ္ဖက္တင္းမာေနၿပီး ၿပီးခဲ့သည့္ဆယ္စုႏွစ္မ်ားအတြင္း ပထမဆံုးထိေတြ႕မႈမ်ားျဖစ္ခဲ့သည့္ကာလျဖစ္သည္။ MiG 21 မ်ား ႐ု႐ွားမွ၀ယ္ယူမည့္အေျခအေနႏွင့္ပတ္သတ္၍ တစံုတရာမသိရေသးေခ်။
 
အိႏိၵယ-႐ု႐ွား ၂ ႏိုင္ငံဆက္ဆံေရး၏အေရးႀကီးေသာအစိတ္အပိုင္းတခုမွာ ကာကြယ္ေရးျဖစ္ၿပီး ဘရာမို႔ဒံုးက်ည္မ်ားသာမက SU-30 ေလယာဥ္ႏွင့္ T-90 တင့္ကားမ်ားကို လိုင္စင္ရယူထုတ္လုပ္ျခင္းသည္ ၂ ႏိုင္ငံေ႐ွ႕ေျပးကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ား၏ဥပမာမ်ားျဖစ္သည္။
 
Ref : Russia fulfills India’s defence requirements list handed over in June
 
#PeopleMedia
 
(unicode)
အပေါ့စားသေနတ်များ၊ ဒုံးပျံများနှင့် ဗုံးများအပါအဝင် အိန္ဒိယကတောင်းဆိုသောလက်နက်များကို ရုရှားဖြည့်ဆည်းပေးမည်
………………………………………………..
 
နယူးဒေလီ၊ နိုဝင်ဘာ ၂
 
ဇွန်လတွင်အိန္ဒိယနိုင်ငံကတောင်းဆိုခဲ့သောကာကွယ်ရေးပစ္စည်းများကို ရုရှားနိုင်ငံက ဖြည့်ဆည်းပေးမည်ဟုထုတ်ပြန်သည်။
 
အိန္ဒိယတောင်းဆိုသောကာကွယ်ရေးပစ္စည်းများတွင် အပေါ့စားသေနတ်များ၊ ဒုံးပျံများနှင့် ဗုံးများပါဝင်သည်ဟု ထိုဖြစ်ရပ်ကိုအတည်ပြုသောအိန္ဒိယသတင်းရင်းမြစ်များကပြောသည်။
 
အိန္ဒိယတောင်းဆိုမှုကိုဖြည့်ဆည်းရန် နွေရာသီတွင် စာချုပ်အများအပြားလက်မှတ်ရေးထိုးခဲ့ပြီး ပို့ဆောင်မည့်ရက်ကိုမသိရသေးသော်လည်း ၂၀၂၁ ခုနှစ်၊ မတ်လကုန်နောက်ဆုံးထားပြီး ပို့ဆောင်ပေးရမည်ဟုသိရသည်။
 
ယခုနှစ် ဇွန်လအတွင်း မော်စကိုမြို့သို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး ရန်ဂျစ် ဆင်း သွားရောက်စဉ် ကာကွယ်ရေးလိုအပ်ချက်များ လက်ကမ်းပေးခဲ့ခြင်းဖြစ်သည်။
 
ထိုကာလသည် ဟိမဝန္တာတောင်တန်းမှ တရုတ်-အိန္ဒိယနယ်စပ်ဖြစ်သည့်လာဒါ့ဒေသအရေး နှစ်ဖက်တင်းမာနေပြီး ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ပထမဆုံးထိတွေ့မှုများဖြစ်ခဲ့သည့်ကာလဖြစ်သည်။ MiG 21 များ ရုရှားမှဝယ်ယူမည့်အခြေအနေနှင့်ပတ်သတ်၍ တစုံတရာမသိရသေးချေ။
 
အိန္ဒိယ-ရုရှား ၂ နိုင်ငံဆက်ဆံရေး၏အရေးကြီးသောအစိတ်အပိုင်းတခုမှာ ကာကွယ်ရေးဖြစ်ပြီး ဘရာမို့ဒုံးကျည်များသာမက SU-30 လေယာဉ်နှင့် T-90 တင့်ကားများကို လိုင်စင်ရယူထုတ်လုပ်ခြင်းသည် ၂ နိုင်ငံရှေ့ပြေးကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ၏ဥပမာများဖြစ်သည်။
 
Ref : Russia fulfills India’s defence requirements list handed over in June
 
#PeopleMedia

Share this post