• Follow Us on

Home အေဘရာဟမ်လင်ကွန်း လေယာဉ်တင်သင်္ဘောအုပ်စုထွက်ခွာသွားစဉ်အတွင်း အရှေ့အလယ်ပိုင်းဒေသကို B-52 ဗုံးကြဲလေယာဉ်တွေပါဝင်တဲ့ တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ အမေရိကန်စေလွှတ်မည်

အေဘရာဟမ်လင်ကွန်း လေယာဉ်တင်သင်္ဘောအုပ်စုထွက်ခွာသွားစဉ်အတွင်း အရှေ့အလယ်ပိုင်းဒေသကို B-52 ဗုံးကြဲလေယာဉ်တွေပါဝင်တဲ့ တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ အမေရိကန်စေလွှတ်မည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂

 

အမေရိကန်လေယာဉ်တင်သင်္ဘော အေဘရာဟမ်လင်ကွန်းဦးဆောင်တဲ့ တိုက်ခိုက်ရေးသင်္ဘောအုပ်စု အရှေ့ အလယ်ပိုင်းဒေသက ထွက်ခွာသွားဖို့ ပြင်ဆင်နေစဉ် ဒေသတွင်း စစ်အင်အားတပ်ဖြန့်ချထားမှုထိန်းညှိဖို့အတွက် B-52 ဗုံးကြဲလေယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေ၊ ဝေဟင်ဆီဖြည့်လေယာဉ်တွေနဲ့ ရေတပ်ဖျက်သင်္ဘော တွေကို အရှေ့အလယ်ပိုင်းဒေသကို စေလွှတ်သွားမှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက သောကြာနေ့ (နိုဝင်ဘာ ၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

တပ်ဖြန့်ချထားမှုကို လာမယ့်လပိုင်းအတွင်းမှာ ဆောင်ရွက်သွားမှာဖြစ်ပြီး ကမ္ဘာတစ်ဝန်း အမေရိကန်တပ်တွေ တပ်ဖြန့်ချထားရာမှာ ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုကို သက်သေပြသွားမှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

“တကယ်လို့ အီရန်နိုင်ငံကဖြစ်စေ၊ အီရန်ရဲ့မိတ်ဖက်နိုင်ငံတွေကဖြစ်စေ၊ အီရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြွ အုပ်စုတွေကဖြစ်စေ အဲဒီအချိန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဒါမှမဟုတ် ဒေသတွင်းက အမေရိကန်အကျိုး စီးပွားကို ပစ်မှတ်ထားတိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မိမိတို့ပြည်သူတွေကို ကာ ကွယ်ဖို့အတွက် လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်။” လို့ ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် လေတပ်ဗိုလ်ချုပ် ပက်ထရစ်ရွိုင်ဒါက ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ကတည်းက အမေရိကန်ပြည်ထောင်စုဟာ အ ရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘော နှစ်စီးပါဝင်တဲ့ တိုက်ခိုက်ရေးသင်္ဘောအုပ်စုတွေ စေလွှတ်ထား ပါတယ်။

 

အေဘရာဟမ်လင်ကွန်းလေယာဉ်တင်သင်္ဘောအုပ်စု ထွက်ခွာသွားပြီးနောက် အရှေ့အလယ်ပိုင်းဒေသကို နောက်ထပ်လေယာဉ်တင်သင်္ဘောအုပ်စု မရောက်လာသေးတဲ့အချိန်အထိ ကြားကာလမှာ လေယာဉ်တင် သင်္ဘောအုပ်စု လစ်လပ်နေမှာဖြစ်ပါတယ်။

 

အောက်တိုဘာလအတွင်း အစ္စရေးနဲ့ အီရန် အပြန်အလှန်တိုက်ခိုက်နေကြပြီးနောက် ဒေသတွင်း ဒေသတွင်း စစ်အင်အားချိန်ခွင်လျှာထိန်းညှိနိုင်အောင် အခုလို ဗုံးကြဲလေယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ စေလွှတ်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

 

အစ္စရေးနိုင်ငံဟာ အီရန်ထောက်ပံ့ထားတဲ့ ဂါဇာဒေသက ဟားမတ်စ် စစ်သွေးကြွတွေနဲ့ လက်ဘနွန်က ဟစ်ဘို လာစစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့အပြင် ယီမင်နိုင်ငံမှာရှိတဲ့ ဟူသီသူပုန်တွေကိုလည်း သွားရောက်တိုက် ခိုက်နေရပါတယ်။

 

အမေရိကန်ပြည်ထောင်စုဟာ အစ္စရေးကို တိုက်ခိုက်လာမယ့်ရန်သူတွေကို ကာကွယ်တိုက်ခိုက်ရာမှာ ကူညီ တိုက်ခိုက်သွားမှာဖြစ်သလို အရှေ့အလယ်ပိုင်းဒေသက အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နေတဲ့ အီရန် ထောက်ပံ့ထားတဲ့ ဆီးရီးယား၊ အီရတ်၊ ဂျော်ဒန်၊ ယီမင်နိုင်ငံက စစ်သွေးကြွတွေကိုလည်း ပြန်လည်တိုက်ခိုက် သွားဖို့ ဆုံးဖြတ်ထားပါတယ်။

 

Ref: US to Deploy B-52s, Warships to Middle East as Aircraft Carrier Departs

 

#PeopleMedia


Share this post