အေမရိကန္ကုမၸဏီမ်ားကိုပိတ္ဆို႔အေရးယူမည္ဟု တ႐ုတ္တုံျပန္မႈကို အေမရိကန္ကအေလးမထားဟုဆို
PUBLISHED - October 30, 2020
ဝါရွင္တန္၊ ေအာက္တိုဘာ ၂၉
ထိုင္ဝမ္ကို အေမရိကန္ကုမၸဏီမ်ားက လက္နက္ေရာင္းခ်မႈေၾကာင့္ ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္မည္ဟု တ႐ုတ္ႏိုင္ငံကေျပာဆိုျခင္းအေပၚ အေမရိကန္က အေလးမထားေၾကာင္း အေမရိကန္အရာရွိႀကီးတေယာက္က ဗုဒၶဟူးေန႔တြင္ေျပာသည္။ တ႐ုတ္ႏိုင္ငံသည္ ေဒသတည္ၿငိမ္ေရးကို ေႏွာင့္ယွက္ေနေၾကာင္းလည္း ေျပာသည္။
ထိုင္၀မ္ကို အေမရိကန္ေဒၚလာသန္း ၂၀၀၀ နီးပါးတန္ဖိုး႐ွိဒံုးက်ည္မ်ားေရာင္းခ်မႈေၾကာင့္ ေလာ့ဟိမာတင္ကု မၸဏီႏွင့္ ဘိုအင္းကုမၸဏီ၏ကာကြယ္ေရးပစၥည္းဌာနတို႔ကို ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္သြားမည္ဟု တ႐ုတ္ႏိုင္ငံက တနလၤာေန႔တြင္ေျပာသည္။
အေမရိကန္ကုမၸဏီမ်ားကို တ႐ုတ္ႏိုင္ငံက ပိတ္ဆို႔အေရးယူမည္ဟုဆိုသည္မွာ ပထမဆံုးအႀကိမ္မဟုတ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနမွ လက္နက္ေရာင္းခ်မႈတာ၀န္ခံ ရီေနး ကလာ့ခ္ ကူးပါးကေျပာသည္။
ၿပီးခဲ့သည္လမ်ားအတြင္း တ႐ုတ္ျပည္မႀကီးမွခြဲခြာေနသည့္အေ၀းေရာက္ျပည္နယ္ဟုသတ္မွတ္ထားသည့္ထိုင္ ၀မ္နယ္ေျမအတြင္း တ႐ုတ္ႏိုင္ငံ၏ကာကြယ္ေရးေလယာဥ္မ်ားနယ္ေက်ာ္၀င္ေရာက္မႈမ်ား႐ွိေနခ်ိန္တြင္ အေမရိကန္က လက္နက္ေရာင္းခ်ရန္အတည္ျပဳေပးခဲ့ၿပီးေနာက္ တ႐ုတ္ဘက္က ၿခိမ္းေျခာက္ခဲ့ျခင္းျဖစ္သည္။
အေမရိကန္ျပည္ေထာင္စုသည္ တ႐ုတ္ျပည္မႀကီးကိုသာ ႏိုင္ငံအျဖစ္အသိအမွတ္ျပဳထားေသာ္လည္း ထရမ့္အစိုးရလက္ထက္တြင္ ထိုင္၀မ္ႏွင့္ဆက္ဆံေရးတိုးျမင့္လာသည္။
Ref : US plays down China sanctions over Taiwan arms
#PeopleMedia
(unicode)
အမေရိကန်ကုမ္ပဏီများကိုပိတ်ဆို့အရေးယူမည်ဟု တရုတ်တုံပြန်မှုကို အမေရိကန်ကအလေးမထားဟုဆို
…………………………………………
ဝါရှင်တန်၊ အောက်တိုဘာ ၂၉
ထိုင်ဝမ်ကို အမေရိကန်ကုမ္ပဏီများက လက်နက်ရောင်းချမှုကြောင့် ပိတ်ဆို့အရေးယူမှုများပြုလုပ်မည်ဟု တရုတ်နိုင်ငံကပြောဆိုခြင်းအပေါ် အမေရိကန်က အလေးမထားကြောင်း အမေရိကန်အရာရှိကြီးတယောက်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။ တရုတ်နိုင်ငံသည် ဒေသတည်ငြိမ်ရေးကို နှောင့်ယှက်နေကြောင်းလည်း ပြောသည်။
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာသန်း ၂၀၀၀ နီးပါးတန်ဖိုးရှိဒုံးကျည်များရောင်းချမှုကြောင့် လော့ဟိမာတင်ကု မ္ပဏီနှင့် ဘိုအင်းကုမ္ပဏီ၏ကာကွယ်ရေးပစ္စည်းဌာနတို့ကို ပိတ်ဆို့အရေးယူမှုများပြုလုပ်သွားမည်ဟု တရုတ်နိုင်ငံက တနင်္လာနေ့တွင်ပြောသည်။
အမေရိကန်ကုမ္ပဏီများကို တရုတ်နိုင်ငံက ပိတ်ဆို့အရေးယူမည်ဟုဆိုသည်မှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်နက်ရောင်းချမှုတာဝန်ခံ ရီနေး ကလာ့ခ် ကူးပါးကပြောသည်။
ပြီးခဲ့သည်လများအတွင်း တရုတ်ပြည်မကြီးမှခွဲခွာနေသည့်အဝေးရောက်ပြည်နယ်ဟုသတ်မှတ်ထားသည့်ထိုင် ဝမ်နယ်မြေအတွင်း တရုတ်နိုင်ငံ၏ကာကွယ်ရေးလေယာဉ်များနယ်ကျော်ဝင်ရောက်မှုများရှိနေချိန်တွင် အမေရိကန်က လက်နက်ရောင်းချရန်အတည်ပြုပေးခဲ့ပြီးနောက် တရုတ်ဘက်က ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် တရုတ်ပြည်မကြီးကိုသာ နိုင်ငံအဖြစ်အသိအမှတ်ပြုထားသော်လည်း ထရမ့်အစိုးရလက်ထက်တွင် ထိုင်ဝမ်နှင့်ဆက်ဆံရေးတိုးမြင့်လာသည်။
Ref : US plays down China sanctions over Taiwan arms
#PeopleMedia