အမေရိကန်က ဘလက်ဟော့ခ်ရဟတ်ယာဉ်နှစ်စင်း ခရိုအေးရှားကိုလှူဒါန်း
PUBLISHED - February 5, 2022
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၅ (People Media)
ရုရှားနိုင်ငံ၏ မဟာမိတ် ဆားဘီးယားနှင့် လက်နက်အပြိုင်တပ်ဆင်နေသော ခရိုအေးရှားနိုင်ငံအား အမေရိကန် နိုင်ငံက ဒေါ်လာ ၅၄.၈ သန်းတန်ကြေးရှိ UH-60M ဘလက်ဟော့ခ် ရဟတ်ယာဉ် နှစ်စင်းကို လွှဲပြောင်းပေးခဲ့ ကြောင်း သိရသည်။
လတ်တလောကာလ လှူဒါန်းမှုသည် ခြိမ်းခြောက်မှုများမြင့်တက်လာသည့်ကြားမှ ဘော်လကန်ဒေသတွင်း နိုင်ငံ ၏ ကာကွယ်ရေးအင်အားနှင့် စစ်ဘက်ဆိုင်ရာအသင့်ဖြစ်မှုကို တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ဇာဂရက်မြို့ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
ဘလက်ဟော့ခ်ရဟတ်ယာဉ်သည် အထူးစစ်ဆင်ရေးများ၊ နည်းဗျူဟာမြောက် စစ်သည်သယ်ယူပို့ဆောင်ရေး နှင့် ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းများအပါအဝင် စစ်ဆင်ရေးတာဝန်အများအပြားကို ထမ်းဆောင် နိုင်သည့် ရဟတ်ယာဉ်အမျိုးအစားဖြစ်သည်။
ယခုဘလက်ဟော့ခ်ရဟတ်ယာဉ်လက်ဆောင်ပေးခြင်းမှာ အမေရိကန်နှင့် ခရိုအေးရှား နှစ်နိုင်ငံစစ်ရေးပူးပေါင်း ဆောင်ရွက်မှု တည်ဆောက်ခြင်းဖြစ်ပြီး ခရိုအေးရှားနိုင်ငံအနေဖြင့် မကြာမီကာလအတွင်း အမေရိကန်ထုတ် Bradley သံချပ်ကာတိုက်ခိုက်ရေးယာဉ်များကို ဝယ်ယူသွားမည်ဖြစ်သည်။
အမေရိကန်နိုင်ငံက ခရိုအေးရှားနိုင်ငံကို စစ်ဘက်ဆိုင်ရာအကူအညီများပေးခဲ့ရာ စစ်လက်နက်ပစ္စည်းများ၊ သင် တန်းများနှင့် အခြေခံအဆောက်အအုံများဆောက်လုပ်ခြင်းတို့တွင် ဒေါ်လာ ၆၈၅ သန်းဖိုးအထိ အကူအညီပေး ခဲ့ပြီးဖြစ်ကြောင်း ရဟတ်ယာဉ်များရောက်ရှိလာသည့်အချိန်တွင် အမေရိကန်သံရုံးက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံက ယခုလို ဒေါ်လာသန်းနှင့်ချီ၍ လှူဒါန်းခြင်းမှာ ခရိုအေးရှားနိုင်ငံသည် သံန္နိဋ္ဌာန်ခိုင်မာပြတ် သားပြီး စွမ်းဆောင်ရည်ရှိသည့် နေတိုးမဟာမိတ်နိုင်ငံ တစ်နိုင်ငံအဖြစ် ပြသနိုင်ခဲ့ခြင်းကို သက်သေပြလိုက်ခြင်း ဖြစ်ကြောင်း အမေရိကန်ထိပ်တန်းသံတမန်တစ်ဦးက ပြောသည်။
ခရိုအေးရှားလေတပ်အတွက် ဘလက်ဟော့ခ်ရဟတ်ယာဉ်များပေးပို့လိုက်ခြင်းသည် နိုင်ငံလေတပ်စွမ်းရည်နှင့် ဒေသတွင်းလုံခြုံရေးကို မြှင့်တင်ပေးလိုက်ခြင်းဖြစ်သလို ခရိုအေးရှားနိုင်ငံ၏ နေတိုးအဖွဲ့တွင် ပါဝင်ထောက်ပံ့ခြင်း ကိုလည်း မြှင့်တင်ပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် အမေရိကန်နိုင်ငံ၏ ခရိုအေးရှားနိုင်ငံကို ရဟတ်ယာဉ်များ ပေးပို့လှူဒါန်းမှုကို ခရိုအေးရှားနိုင်ငံက ကျေးဇူးတင်ကြောင်း ခရိုအေးရှားကာကွယ်ရေးဝန်ကြီး မာရီယိုဘာနိုဇီက ပြောသည်။
Ref: US Donates Military Helicopters to Croatia
#PeopleMedia
(unicode)
……………………………………………………………
Ref: US Donates Military Helicopters to Croatia
#PeopleMedia