အမေရိကန်က ယူကရိန်းကို ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိတဲ့ စစ်ရေးအထောက်အပံ့ ထပ်ဆောင်း ပေးအပ်မယ်

PUBLISHED - July 28, 2023
နိုင်ငံတကာ၊ ဇူလိုင် ၂၈
ရုရှားကို တန်ပြန်ထိုးစစ်ဆင်နေတဲ့ ယူကရိန်းအတွက် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိတဲ့ စစ်ရေးထောက်ပံ့မှုတွေ တိုးမြှင့်ပေးအပ်မယ်လို့ ကြေညာခဲ့ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ကြေညာခဲ့တဲ့ အဲဒီထောက်ပံ့မှုအစီအစဉ်ထဲမှာ Patriot လေကြောင်းကာကွယ်ရေးစနစ်နဲ့ NASAMS ဆိုတဲ့ မြေပြင်ကနေ ဝေဟင်ကို ပစ်တဲ့ အဆင့်မြင့် ဒုံးကျည်စနစ် တွေအတွက် ထပ်ဆောင်းပေးအပ်မယ့် လက်နက်ခဲယမ်းတွေနဲ့ ပါဝင်ပါတယ်။
ယူကရိန်းဟာ HIMARS လို့ ခေါ်တဲ့ ရွေ့လျားနိုင်စွမ်း မြင့်မားတဲ့ ဒုံးလက်နက်စနစ်အတွက် လက်နက်ခဲယမ်း တွေကို ထပ်မံရရှိမှာ ဖြစ်ပါတယ်။
ယူကရိန်းအနေနဲ့ ရုရှားဒုံးကျည်နဲ့ ဒရုန်းယာဉ်တွေရဲ့ အစုအဝေးလိုက် တိုက်ခိုက်တာကို တန်ပြန်နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုက ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးဖို့ ရည်မှန်းထား တယ်လို့ ဆိုပါတယ်။
ရုရှားဟာ ယူကရိန်းတောင်ပိုင်းက အိုဒီဆာ နဲ့ တခြားဧရိယာတွေက ဆိပ်ကမ်းတွေနဲ့ ကောက်ပဲသီးနှံ သို လှောင်တဲ့ အခြေခံအဆောက်အအုံတွေကို ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြေညာချက်တစ်စောင်မှာ ဆိုထားပါတယ်။
ဘလင်ကန်က “အမေရိကန်ပြည်ထောင်စုနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေ၊ မဟာမိတ်တွေဟာ အချိန်ဘယ် လောက်ကြာကြာ ယူကရိန်းနဲ့အတူ ရပ်တည်သွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်ဇကီက အင်္ဂါနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုကနေ ကျေးဇူးတင်စကား ထုတ် ဖော်ပြောကြားခဲ့ပါတယ်။
Source: NHK
#PeopleMedia #နိုင်ငံတကာ