အမေရိကန်စစ်သားတစ်ဦးကျဆုံး၍ တာလီဘန်အကြမ်းဖက်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဒေါ်နယ်ထရမ့်ဖျက်သိမ်း
PUBLISHED - September 9, 2019
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တာလီဘန်အကြမ်းဖက်အဖွဲ့က ၄င်းတို့လုပ်ရပ်ဖြစ် တယ်လို့ အတည်ပြုထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုမှာ အမေရိကန်စစ်သားတစ်ေ ယာက်ကျဆုံးခဲ့တဲ့အတွက် တာလီဘန် တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖျက်သိမ်းခဲ့ပါ တယ်။
အခုလို ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုကို ဖျက်သိမ်းတာက အမေရိကန်အတွက် ဆုံးရှုံးနစ်နာမှု ပိုစေလိမ့်မယ်လို့ တာလီဘန်အကြမ်းဖက်အဖွဲ့က သတိပေးလိုက်ပါတယ်။
တာလီဘန်အကြမ်းဖျက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတွက် နောက်ဆုံးအချိန်ထိ အခြေအနေကောင်းခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တာလီဘန်အကြမ်းဖက်အဖွဲ့နဲ့ လျှို့ဝှက်တွေ့ဆုံေ ဆွးနွေးမှုကို ဖျက်သိမ်းကြောင်း စက်တင်ဘာ ၇ ရက်နေ့ ညက သူ့ရဲ့ တွစ်တာစာမျက်နှာက တစ်ဆင့် ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။
Ref; BBC