အေမရိကန္တပ္ဖြဲ႔၀င္ ၁၆၀၀ ေလာက္ ဝါ႐ွင္တန္ကို ေ႐ႊ႕ေျပာင္းေနရာခ်ထား
PUBLISHED - June 3, 2020
ဝါ႐ွင္တန္၊ ဇြန္ ၃
သမၼတအိမ္ျဖဴေတာ္႐ွိရာဝါ႐ွင္တန္ေဒသကို အေမရိကန္တပ္ဖြဲ႔၀င္ ၁၆၀၀ ေလာက္ေ႐ႊ႕ေျပာင္းေနရာခ်ထားတယ္လို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္က အဂၤါေန႔မွာေျပာပါတယ္။
ဝါ႐ွင္တန္ဒီစီမွာ ရက္ေတာ္ေတာ္ၾကာၾကာဆႏၵျပမႈေတြျဖစ္ခဲ့ၿပီးတဲ့ေနာက္ အခုလိုေ႐ႊ႕ေျပာင္းေနရာခ်လိုက္တာပါ။
“ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ေဒသမွာ႐ွိတဲ့စစ္စခန္းေတြမွာ တာ၀န္ထမ္းေဆာင္ေနတဲ့အမႈထမ္းေတြ႐ွိေနတာပါ။ ဝါ႐ွင္တန္ဒီစီမွာမဟုတ္ပါဘူး။” လို႔ ပင္တဂြန္ေျပာခြင့္ရသူေဂ်ာ္နသန္ ရက္ေဟာ့မန္းက ထုတ္ျပန္ပါတယ္။
“အဆင္သင့္အေနအထားမွာ တပ္ဖြဲ႔၀င္ေတြ႐ွိေနပါတယ္။”လို႔သူကေျပာေပမဲ့ “အရပ္ဘက္အာဏာပိုင္ေတြရဲ႕စစ္ဆင္ေရးေတြကိုေထာက္ပံ့ဖို႔ ပါ၀င္ဆင္ႏႊဲမွာေတာ့မဟုတ္ပါဘူး။”လို႔လည္းေျပာပါတယ္။
တနလၤာေန႔ကတည္းက ဝါ႐ွင္တန္ေဒသကို တပ္ဖြဲ႔ေတြပို႔သြားမယ္လို႔ ကာကြယ္ေရးအႀကီးတန္းအရာ႐ွိေတြကေျပာထားတာပါ။
တပ္ဖြဲ႔ေတြထဲမွာ စစ္ရဲေတြ၊ စစ္အင္ဂ်င္နီယာေတြနဲ႔အတူ ေျခလ်င္တပ္ရင္းတစ္ရင္းလည္းပါ၀င္တယ္လို႔ ေဟာ့မန္းကေျပာပါတယ္။
Ref : Pentagon moves about 1,600 Army troops into the Washington region
(Unicode)
အမေရိကန်တပ်ဖွဲ့ဝင် ၁၆၀၀ လောက် ဝါရှင်တန်ကို ရွှေ့ပြောင်းနေရာချထား
……………………………………………
ဝါရှင်တန်၊ ဇွန် ၃
သမ္မတအိမ်ဖြူတော်ရှိရာဝါရှင်တန်ဒေသကို အမေရိကန်တပ်ဖွဲ့ဝင် ၁၆၀၀ လောက်ရွှေ့ပြောင်းနေရာချထားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က အင်္ဂါနေ့မှာပြောပါတယ်။
ဝါရှင်တန်ဒီစီမှာ ရက်တော်တော်ကြာကြာဆန္ဒပြမှုတွေဖြစ်ခဲ့ပြီးတဲ့နောက် အခုလိုရွှေ့ပြောင်းနေရာချလိုက်တာပါ။
“နိုင်ငံရဲ့မြို့တော်ဒေသမှာရှိတဲ့စစ်စခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့အမှုထမ်းတွေရှိနေတာပါ။ ဝါရှင်တန်ဒီစီမှာမဟုတ်ပါဘူး။” လို့ ပင်တဂွန်ပြောခွင့်ရသူဂျော်နသန် ရက်ဟော့မန်းက ထုတ်ပြန်ပါတယ်။
“အဆင်သင့်အနေအထားမှာ တပ်ဖွဲ့ဝင်တွေရှိနေပါတယ်။”လို့သူကပြောပေမဲ့ “အရပ်ဘက်အာဏာပိုင်တွေရဲ့စစ်ဆင်ရေးတွေကိုထောက်ပံ့ဖို့ ပါဝင်ဆင်နွှဲမှာတော့မဟုတ်ပါဘူး။”လို့လည်းပြောပါတယ်။
တနင်္လာနေ့ကတည်းက ဝါရှင်တန်ဒေသကို တပ်ဖွဲ့တွေပို့သွားမယ်လို့ ကာကွယ်ရေးအကြီးတန်းအရာရှိတွေကပြောထားတာပါ။
တပ်ဖွဲ့တွေထဲမှာ စစ်ရဲတွေ၊ စစ်အင်ဂျင်နီယာတွေနဲ့အတူ ခြေလျင်တပ်ရင်းတစ်ရင်းလည်းပါဝင်တယ်လို့ ဟော့မန်းကပြောပါတယ်။
Ref : Pentagon moves about 1,600 Army troops into the Washington region