
PUBLISHED - January 10, 2020
Ref; indiatoday
(Unicode)
အမေရိကန်တပ်ဖွဲ့ဝင်များချထားသော အီရတ်စစ်စခန်းအနီး ရော့ကတ် ဒုံးကျရောက်
…………………………………………………………
အီရတ်မြောက်ပိုင်း အမေရိကန်တပ်ဖွဲ့ဝင်တွေရှိနေတဲ့ စစ်စခန်းအနီးမှာ ကြာသပတေးနေ့ညက ရော့ကတ်ဒုံး တစ်စင်းကျရောက်ခဲ့ပါတယ်။
ရော့ကတ်ဒုံးက ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာတော့မသိရသေးပါဘူး။
လူသေဆုံးမှုမရှိခဲ့ဘူးလို့ သတင်းရရှိပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရဲ့ မစ်ဇိုင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်မှာမဟုတ်ဘူးလို့ ပြောကြား ထားပြီး နှစ်နိုင်ငံကြာ အခြေအနေတင်းမာမှု ပြန်လျော့လာချိန်မှာ အခုလို ရော့ကတ်ဒုံးကျရောက်မှုဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။
Ref; indiatoday
#PeopleMedia #International