အမေရိကန်ထိပ်တန်းအရာရှိနှင့် NUG ကိုယ်စားလှယ်တို့ တွေ့ဆုံ

PUBLISHED - October 26, 2021
နိုင်ငံတကာ၊ အောက်တိုဘာ ၂၆ (People Media)
အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးသည် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကိုယ်စားလှယ် နှစ်ဦးနှင့် အွန်လိုင်းတွေ့ဆုံပွဲတစ်ရပ်ဖြစ်လုပ်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုး ရ National Unity Government (NUG) သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဖြုတ်ချခံလိုက်ရ သောကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အတိုက်အခံအစိုးရ ဖြစ်သည်။
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိဂျိတ်ဆူလီဗန်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဒူ ဝါလရှီလနှင့် ဒေါ်ဇင်မာအောင်တို့ကို အောက်တိုဘာလ ၂၅ ရက်တွင် အွန်လိုင်းမှတစ်ဆင့်တွေ့ဆုံခဲ့ကြောင်း အိမ်ဖြူတော်၏ကြေညာချက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဆူလီဗန်က မြန်မာနိုင်ငံမှ “ဒီမိုကရေစီလိုလားသောလှုပ်ရှားမှုများကို ဆက်လက်ထောက်ပံ့နေကြောင်း” အသား ပေးပြောဆိုလိုက်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေ မှုများအကြောင်းကို ဆွေးနွေးခဲ့သည်။
စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်းကိုလည်း ဆူလီဗန် က ပြောဆိုခဲ့ပြီး အမေရိကန်အနေဖြင့် စစ်အာဏာသိမ်းမှုအတွက် တာဝန်ခံမှုရှိစေရန် ဆက်လက်အားပေးမြှင့် တင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လွန်ခဲ့သည့် ကိုးလက ပြည်သူအများရွေးကောက်တင်မြှောက်ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သောတပ်မတော်က အာဏာသိမ်းလိုက် ပြီးနောက် လူဦးရေ ၁,၀၀၀ ကျော်အသတ်ခံခဲ့ရကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ စစ်အာဏာသိမ်း လိုက်သည့်အချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် နှစ်ပေါင်းများစွာထောင်ဒဏ်ကျခံရနိုင်သည့် အမှုအခင်းမျိုးစုံနှင့် ရင်ဆိုင်နေရသည်။
စစ်အစိုးရကိုဆန့်ကျင်သည့် လူဦးရေထောင်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ပြောကြားချက်အရ သိရသည်။
၁၉၈၈ ခုနှစ်ကာလအတွင်းက လူသိများလာသော ကိုဂျင်မီခေါ် ကျော်မင်းယုမှာ နောက်ဆုံးအသုတ်အဖမ်းခံရ သည့်အထဲတွင်အပါအဝင်ဖြစ်သည်။ အောက်တိုဘာလ ၂၄ ရက်နေ့ညပိုင်းက တပ်မတော်ကဝင်ရောက်စီးနင်းခဲ့ ပြီးနောက် ကိုဂျင်မီအဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ကိုဂျင်မီနှင့်တကွ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လည်လွှတ်ပေးရန် အမေရိကန်အစိုးရအ နေဖြင့် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆူလီဗန်ကပြောသည်။
Ref: Top US official meets Myanmar’s shadow government
#PeopleMedia
(unicode)
………………………………………………………………
Ref: Top US official meets Myanmar’s shadow government
#PeopleMedia