အမေရိကန်ထံမှ အပြုသဘောဆောင်သော အဖြေမရရှိခဲ့ပါက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးပြော

PUBLISHED - January 27, 2022
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၇ (People Media)
ယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ် လက်မခံရန် ရုရုားက တောင်းဆိုထားပြီး တောင်းဆိုမှုအပေါ် အပြုသဘော ဆောင်သော အဖြေမရရှိခဲ့ပါက ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး လာရော့ဗ်က အောက်လွတ်တော်တွင် ယမန်နေ့က ပြောကြားခဲ့သည်။
တုံ့ပြန်ရန် အစီအစဉ် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့သော်လည်း မိတ် ဖက်နိုင်ငံများနှင့် စစ်ရေးမဟာမိတ် နက်ရှိုင်းစွာထူထောင်ခဲ့ကြောင်း လာရောဗ့်က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ရုရှားနိုင်ငံဘက်မှ တောင်းဆိုမှုများနှင့် ပတ်သက်ပြီး ပြန်လည်အကြောင်းပြန်သွားမည်ဟု မကြာသေးမီက လာရော့ဗ် နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ကျူးဘား၊ ဗင်နီဇွဲလားနှင့် နီကာရာဂွာ အပါအဝင် လက်တင်အမေရိက နိုင်ငံခေါင်းဆောင်များနှင့် စီးပွားရေးနှင့် စစ်ရေးနည်းပညာစသည့် နယ်ပယ်အသီးသီးတွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း လာရော့ဗ်က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံကို ကျူးကျော်မည်ဆိုပါက သမ္မတပူတင်ကို ပုဂ္ဂိုလ်ရေးအရ ပိတ်ဆို့အရေး ယူသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုထားသည်။
သို့သော်လည်း ယင်းသို့လုပ်ဆောင်ခြင်းသည် နိုင်ငံရေးအရ အဖျက်သဘောရှိသော်လည်း ရုရှားခေါင်းဆောင် အတွက် တစ်စုံတစ်ရာထိခိုက်မည်မဟုတ်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့က ပြောကြား ခဲ့သည်။
ကိုးကား — NHK
Ref; Russia warns of measures on US response
#PeopleMedia #EPN
(unicode)
…………………………………………………………………
Ref; Russia warns of measures on US response
#PeopleMedia #EPN