အမေရိကန်နိုင်ငံ၌ ပြီးခဲ့သောအပတ်အတွင်း သေနတ်ပစ်ခတ်မှုများကြောင့် လူ ၄၃၀ ဦး သေဆုံး

PUBLISHED - July 27, 2021
EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၇ (People Media)
အမေရိကန်နိုင်ငံတွင် ပြီးခဲ့သောအပတ်အတွင်း သေနတ်ဖြင့်ပစ်ခတ်သည့် အကြမ်းမှုများကြောင့် သေဆုံးမှုမှာ ဆယ်စုနှစ်နှစ်ခုအတွင်း အများဆုံးအရေအတွက် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၇ ရက်နှင့် ၂၃ ရက်ကြား အမေရိကန်နိုင်ငံတစ်ဝန်း သေနတ်ဖြင့်ပစ်ခတ်မှု ၉၁၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ၁၂ မိနစ်လျင် သေနတ်ပစ်ခတ်မှုဖြစ်စဉ် တစ်ကြိမ်ဖြစ်ပွားခဲ့သည်။
သေနတ်ပစ်ခတ်မှုများကြောင့် လူပေါင်း ၁၀၀၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၄၃၀ ဦး သေဆုံးခဲ့ကြောင်း သေနတ် ပစ်ခတ်မှုများကို ရဲတပ်ဖွဲ့ထံတင်ပြသည့် သေနတ်အကြမ်းဖက်မှုမှတ်တမ်းအဖွဲ့ (GVA) က ပြောသည်။
အကြမ်းဖက်မှုဖြစ်စဉ်များ အမေရိကန်နိုင်ငံအနှံ့ ဖြစ်ပွားခဲ့ပြီး ပြည်နယ် ၅၀ နှင့် ကိုလံဘီယာခရိုင်အနက် ပြည်နယ်သုံးခုအတွင်း သေနတ်ပစ်ခတ်မှုဖြစ်စဉ်များ အများဆုံးဖြစ်ပွားခဲ့သည်။
ချီကာဂိုမြို့တော်တည်ရှိရာ အီလီနွိုက်စ်ပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်စဉ် ၁၀၉ ကြိမ်ဖြင့် ပစ်ခတ်မှု အများဆုံးဖြစ်ပွားခဲ့သည်။
ချီကာဂိုမြို့တော်၌ ရာဇဝတ်ဂိုဏ်းများက အများပြည်သူပိုင်နေရာများ၌ သေနတ်ပစ်ခတ်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ရှိသည်။
ပြီးခဲ့သော သောကြာနေ့နှင့် တနင်္ဂနွေနေ့နေ့လယ်ပိုင်းအတွင်း ချီကာဂိုမြို့၌ သေနတ်ပစ်ခတ်မှုဖြစ်စဉ် များ ကြောင့် ၅၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ရှစ်ဦး သေဆုံးခဲ့သည်။
Ref; 430 killed by gun violence last week in US: Study
#PeopleMedia #EPN #international #အမေရိကန်
(unicode)
…………………………………………
EPN
Ref; 430 killed by gun violence last week in US: Study