အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နျူကလီးယားလက်နက်လျှော့ချရေး New START သဘောတူစာချုပ် ပါ လုပ်ငန်းဆောင်ရွက်မှုတွေကို ဆိုင်းငံ့ထားလိုက်ပြီလို့ ရုရှားပြော
PUBLISHED - February 22, 2023
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂
ရုရှား-အမေရိကန် နှစ်နိုင်ငံ နျူကလီးယားလက်နက်တွေ လျှော့ချ/ ကန့်သတ်မယ့် New START နျူကလီးယား လက်နက်လျှော့ချရေးသဘောတူစာချုပ်ပါ လုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နေတာကို ဆိုင်းငံ့ထားလိုက်တော့ မှာဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကြေညာလိုက်ပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီးပြောရရင် မဟာဗျူဟာမြောက် တိုက်ခိုက်ရေးလက်နက်တွေလျှော့ချမယ့်အစီအစဉ်မှာ ပါ ဝင်ဆောင်ရွက်မှုကို ရုရှားနိုင်ငံအနေနဲ့ ဆိုင်းငံ့ထားလိုက်ဖို့ လိုအပ်လာလို့ ဒီကနေ့ ကြေညာလိုက်ရတာပဲဖြစ်ပါ တယ်။” လို့ ပူတင်က ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ယူကရိန်းတက်သုတ်ရိုက်ခရီးစဉ်အပြီး တစ်ရက်အကြာမှာ ပြောကြားလိုက်တဲ့ ပူတင်ရဲ့နှစ်ပတ်လည်မိန့်ခွန်းထဲမှာ ပူတင်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
ရုရှားနဲ့ ယူကရိန်းဟာ အနောက်နိုင်ငံတွေရဲ့ ကလိန်ကကျစ်ဆက်ဆံရေးရဲ့သားကောင်တွေဖြစ်တယ်လို့ ပူတင် က ၎င်းရဲ့မိန့်ခွန်းရှည်ထဲမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ မိမိနိုင်ငံရဲ့ဖြစ်တည်မှုအတွက် တစ်နိုင်ငံ တည်းတိုက်ခိုက်နေရတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
၂၀၁၀ ပြည့်နှစ် ဧပြီလမှာစတင်လက်မှတ်ရေးထိုးခဲ့တဲ့ New START နျူကလီးယား လက်နက်လျှော့ချရေးသ ဘောတူစာချုပ်အရ တိုက်ချင်းပစ်ဒုံးကျည်တွေ၊ ရေငုပ်သင်္ဘောအခြေစိုက်ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဗုံးကြဲလေယာဉ် ကြီးတွေမှာတပ်ဆင်ထားတဲ့လက်နက်တွေမှာ နျူကလီးယားထိပ်ဖူး ၁,၅၅၀ ထက် ကျော်လွန်ပြီး တပ်ဆင်ခြင်းမ ပြုလုပ်ဖို့ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံစလုံးကို ကန့်သတ်ထားတာဖြစ်ပါတယ်။
အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံပေါင်းမှာ နျူကလီးယားထိပ်ဖူး စုစုပေါင်း ၁၃၀၀၀ ကျော်ရှိတဲ့အတွက် နှစ်နိုင်ငံစလုံး ဟာ အဲဒီစာချုပ်ကသတ်မှတ်ထားတဲ့အရေအတွက်ထက် ပိုမိုတပ်ဖြန့်ချထားနိုင်ပါတယ်။ နှစ်နိုင်ငံစလုံးမှာရှိတဲ့ နျူကလီးယားထိပ်ဖူးအရေအတွက်ဟာ ကမ္ဘာ့နျူကလီးယားလက်နက်ရဲ့ ၉၀% ဝန်းကျင်ရှိတယ်လို့ လက်နက် ထိန်းချုပ်ရေးအသင်းရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
တစ်ကမ္ဘာလုံးမှာ နျူကလီးယားလက်နက်စုပုံထားရှိမှု အမြင့်ဆုံးကာလဟာ ၁၉၈၅ ခုနှစ်ဖြစ်ပြီး အဲဒီအချိန်က တစ်ကမ္ဘာလုံးမှာ နျူကလီးယားထိပ်ဖူးပေါင်း ၇၀,၀၀၀ ကျော်ရှိတယ်လို့ဆိုပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ကုလသမဂ္ဂဦးဆောင်မှုနဲ့ နျူကလီးယားလက်နက်လျှော့ချရေးဆောင်ရွက်လာခဲ့တဲ့အတွက် အခုအခြေအနေကို ရောက်ရှိလာတာဖြစ်ပါတယ်။
Ref: Russia suspends participation in New START nuclear treaty with US, Putin says
#PeopleMedia
(unicode)
……………………………………………
Ref: Russia suspends participation in New START nuclear treaty with US, Putin says
#PeopleMedia