အမေရိကန်ပါဝင်သည့် Quad လေးပွင့်ဆိုင်မဟာမိတ်အဖွဲ့ မြန်မာရေပိုင်နက်အနီး ပူးတွဲစစ်ရေးလေ့ကျင့်

PUBLISHED - October 14, 2021
နိုင်ငံတကာ၊ အောက်တိုဘာ ၁၄ (People Media)
အမေရိကန်၊ အိန္ဒိယ၊ သြစတေးလျနှင့် ဂျပန်နိုင်ငံတို့ပါဝင်သော Quad လေးပွင့်ဆိုင်ရေတပ်အဖွဲ့သည် အိန္ဒိယ ကမ်းလွန်ပင်လယ်ပြင် မြန်မာရေပိုင်နက်အနီးတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုမှာ ဒေသတွင်း တရုတ်နိုင်ငံ၏ စစ်အင်အားကြီးထွားလာမှုကို တုံ့ပြန်ရာတွင် စစ်ရေး အရပူးပေါင်းဆောင်ရွက်မှုကိုပြသသည့်အနေဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများကပြောသည်။
ယင်းစစ်ရေးလေ့ကျင့်မှုမှာ ရေတပ်ချင်းပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် “မာလာဘာ ၂၀၂၁ စစ်ရေးလေ့ကျင်မှု” ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့က ပင် တဂွန်စစ်ဌာနချုပ်၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာ ဘိုင်က သတင်းထောက်များကိုပြောသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သည့်နိုင်ငံံများကြားတွင် ထပ်မံ၍ဆက်ဆံရေး တိုးမြှင့်သွားရန် မျှော်လင့်ထားကြောင်း ကာဘိုင်ကပြောသည်။
အိန္ဒိယကမ်းလွန်ပင်လယ်ပြင် မြန်မာရေပိုင်နက်အနီးတွင်ဆောင်ရွက်နေသည့် စစ်ရေးလေ့ကျင့်မှုသည် လွန်ခဲ့ သည့်လက အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင်ကျင်းပခဲ့သည့် ပထမဦးဆုံးအကြိမ် Quad လေးပွင့်ဆိုင်မဟာ မိတ်အစည်းအဝေးပြီးဆုံးပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလကကျင်းပခဲ့သည့်အဆိုပါအစည်းအဝေးတွင် တရုတ်နိုင်ငံအား ရန်စသည့်အပြုအမူမျိုးကို ရှောင် ရှားလိုသည့် အိန္ဒိယနိုင်ငံ၏ ဆန္ဒအရ တက်ရောက်လာသည့်ခေါင်းဆောင်များက လုံခြုံရေးအရပူးပေါင်း ဆောင် ရွက်မှုအရေးပါပုံကို လွတ်လပ်ပွင့်လင်းစွာ အလေးထားပြောဆိုခြင်းမပြုခဲ့ပေ။
တရုတ်နိုင်ငံ၏ စစ်ရေးအင်အားကြီးထွားလာမှုကို တုံ့ပြန်ရာတွင် ကြိုးပမ်းချက်အစိတ်အပိုင်းတစ်ရပ်အဖြစ် အမေ ရိကန်နိုင်ငံအနေဖြင့် Quad လေးပွင့်ဆိုင်မဟာမိတ်နိုင်ငံများနှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုကို ထုတ်ဖော် ပြသချင်၍ ယခုစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်လိုခြင်းဖြစ်ကြောင်း လေ့လာသူများကပြောသည်။ စစ်ရေးလေ့ကျင့် မှုကို အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြုလုပ်သွားမြည်ဖစ်ကြောင်း သိရသည်။
Ref: Quad maritime drills underway
#PeopleMedia
(Unicode)
……………………………………………………………………
Ref: Quad maritime drills underway
#PeopleMedia