အမေရိကန်ပိုင်ဂူဝမ်ကျွန်းတွင် ထိုင်ဝမ်တပ်ဖွဲ့ဝင်အင်အား ၄၀ ကို အမေရိကန်က စစ်ရေးလေ့ကျင့်ပေးလျက်ရှိ

PUBLISHED - November 2, 2021
နိုင်ငံတကာ၊ နိုဝင်ဘာလ ၂ (People Media)
ထိုင်ဝမ်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်များရောက်ရှိနေသည်မှာ မှန်ကန်ကြောင်း အတည်ပြုလိုက်ပြီးနောက် ထိုင်ဝမ်တပ်ဖွဲ့ဝင် ၄၀ ဦးကို အမေရိကန်ပိုင် ဂူဝမ်ကျွန်းပေါ်တွင် အမေရိကန်တပ်ဖွဲ့ဝင်များက စစ်ရေးလေ့ကျင့် ပေးနေကြောင်း ထိုင်ဝမ်အစိုးရက နိုဝင်ဘာလ ၂ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
သို့သော် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးချီကူခန်က “ထိုင်ဝမ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံကြားမှာ သတင်းအချက် အ လက်အပြန်အလှန်ဖလှယ်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေပြုလုပ်နေတာ နှစ်ပေါင်းအတော်ကြာပါပြီ။” ဟု ပြောသည်။
ပစိဖိတ်ကျွန်းစုထဲတွင်ပါဝင်သော ဂူဝမ်ကျွန်းတွင် အသစ်တည်ဆောက်ထားသည့် အမေရိကန်စစ်အခြေစိုက်စ ခန်းတွင် ရောက်ရှိနေသည့် ထိုင်ဝမ်တပ်ဖွဲ့ဝင်များအကြောင်းမေးမြန်းသည့်အခါ “ဒီသင်တန်းဟာလည်း သတင်း အချက်အလက်များအပြန်အလှန်ဖလှယ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ရပ်ထဲမှာပါပါတယ်။ ဘာမှ ထင်ကြေးပေးမှန်း ဆနေဖို့မလိုပါဘူး။” ဟု ချီကူခန်ကပြောကြောင်း Daily Taiwan News သတင်းဌာနကရေးသားခဲ့သည်။
ထိုင်ဝမ်တပ်ဖွဲ့ဝင်များကို သင်တန်းပေးရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များ ထိုင်ဝမ်နိုင်ငံတွင်ရောက်ရှိနေသည် မှာမှန်ကန်ကြောင်း လွန်ခဲ့သည့်သီတင်းပတ်က ထိုင်ဝမ်သမ္မတစိုင်းအင်ဝန်က အတည်ပြုပြောကြားလိုက်ပြီး နောက် ယခုသတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အမှတ် ၉၉ ထိုင်ဝမ်မရိန်းတပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် တစ်လကြာပြုလုပ်မည့် ထိုင်ဝမ်-အမေရိကန် ပူးတွဲစစ် ရေးလေ့ကျင့်ခန်းများပြုလုပ်လျက်ရှိကြောင်း၊ လေ့ကျင့်ခန်းများတွင် လေကြောင်းတိုက်ခိုက်မှုနှင့် မြို့ပြစစ်ပွဲလေ့ ကျင့်ခန်းများပါဝင်ကြောင်း သိရသည်။
“တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုက နေ့တိုင်း တိုးမြင့်နေတယ်။ တရုတ်အစိုးရနဲ့ ဆွေးနွေးပွဲက ထိုင်ဝမ်နိုင်ငံအတွက် တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ အခွင့်အလမ်းရနိုင်စေပါတယ်။” ဟု အမေရိကန်သတင်းဌာန တစ်ခုနှင့် အင်တာဗျူးတွင် ထိုင်ဝမ်သမ္မတစိုင်းအင်ဝန်က ပြောသည်။
၁၉၄၉ ခုနှစ်ကတည်းက လွတ်လပ်ရေးရခဲ့သည်ဟု ခံယူထားသော ထိုင်ဝမ်နိုင်ငံက အနည်းဆုံး နိုင်ငံပေါင်း ၁၅ နိုင်ငံနှင့် သံတမန်အဆက်အသွယ်ရှိသော်လည်း လူဦးရေ ၂၄ သန်းရှိ ထိုင်ဝမ်ကျွန်းနိုင်ငံကို တရုတ်နိုင်ငံက ၎င်း ၏ ပြည်နယ်တစ်ခုအဖြစ်သာ သတ်မှတ်ထားသည်။
ထိုင်ဝမ်လေကြောင်းပိုင်နက်အတွင်းသို့ တရုတ်လေတပ်မှ တိုက်လေယာဉ်များ အကြိမ်ပေါင်း ၁၅၀ ကျော် ကျူး ကျော်ပျံသန်းဝင်ရောက်ခဲ့သဖြင့် လတ်တလောကာလတွင် ထိုင်ဝမ်ရေလက်ကြား၌ တင်းမာမှုများမြင့်တက် လျက်ရှိသည်။
Ref: ‘40 Taiwanese soldiers being trained by US in Guam’
#PeopleMedia
(unicode)
………………………………………………………………………
Ref: ‘40 Taiwanese soldiers being trained by US in Guam’
#PeopleMedia