• Follow Us on

Home အေမရိကန္ဗိုလ္ေလာင္း ၇၀ ေက်ာ္ စာေမးပြဲတြင္စာခိုးခ်ဟု စြပ္စြဲမႈမ်ား႐ွိေန

အေမရိကန္ဗိုလ္ေလာင္း ၇၀ ေက်ာ္ စာေမးပြဲတြင္စာခိုးခ်ဟု စြပ္စြဲမႈမ်ား႐ွိေန

Share this post

နယူးေယာက္၊ ဒီဇင္ဘာ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ၾကည္းတပ္အရာ႐ွိမ်ားျဖစ္လာေစရန္ အေမရိကန္စစ္တကၠသိုလ္တြင္ေလ့က်င့္ခဲ့ၿပီး သီးျခားစီစာေလ့လာခဲ့ သည့္ဗိုလ္ေလာင္း ၇၀ ေက်ာ္သည္ ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါေၾကာင့္ အြန္လိုင္းမွျပဳလုပ္ခဲ့သည့္ သခ်ၤာစာေမးပြဲတြင္ စာခိုးခ်ခဲ့သည္ဟု စြပ္စြဲမႈမ်ား႐ွိေနသည္။

ေမလတြင္ျပဳလုပ္ခဲ့သည့္ calculus စာေမးပြဲတြင္ သင္တန္းနည္းျပဆရာမ်ားက အေျဖလႊာမ်ားတြင္ပံုမွန္မဟုတ္ ေၾကာင္းေတြ႕ခဲ့ရၿပီးေနာက္ ခိုးခ်ခဲ့သည္ဟုစြပ္စြဲခံထားရေၾကာင္း ၀က္စ္တ္ပြိဳင့္စစ္တကၠသိုလ္၏ ေျပာခြင့္ရသူ ဒုတိယဗိုလ္မွဴးႀကီး ခရစၥတိုဖာ အိုဖရာ့ဒ္က တနလၤာေန႔တြင္ေျပာသည္။

အတန္းသား ၁၂၀၀ ႐ွိသည့္အတန္းတြင္ ခိုးခ်သည္ဟုစြပ္စြဲခံရသူမ်ားတြင္ ၁ ေယာက္သာ ဒုတိယႏွစ္မွျဖစ္ၿပီး က်န္သူအားလံုးသည္ ပထမႏွစ္ေက်ာင္းသားမ်ားျဖစ္သာည္ဟုလည္း အသိေပးသည္။

စစ္တကၠသိုလ္၏ဂုဏ္သိကၡာဆိုင္ရာက်င့္၀တ္မ်ားကို ခ်ိဳးေဖာက္သည္ဟုဆိုကာ ထိုေက်ာင္းသားမ်ားကို ထိန္း သိမ္းထားသည္ဟုလည္းေျပာသည္။

ေလ့က်င့္ၿပီးေသာဗိုလ္ေလာင္းမ်ားျဖင့္ဖြဲ႔စည္းထားသည့္ဂုဏ္သိကၡာဆိုင္ရာေကာ္မတီ၏စံုစမ္းစစ္ေဆးမႈမ်ားအရ ၂ မႈကို သက္ေသမလံုေလာက္သျဖင့္ လႊတ္ေပးခဲ့ၿပီး ေနာက္ထပ္ ၄ မႈတြင္ ဗိုလ္ေလာင္းမ်ားႏုတ္ထြက္သျဖင့္ လႊတ္ေပးခဲ့ေၾကာင္း အိုဖရာ့ဒ္ကေျပာသည္။

က်န္သည့္ ၆၇ မႈတြင္ ၅၅ ေယာက္က ခိုးခ်ေၾကာင္း၀န္ခံခဲ့ၿပီး သူတို႔ကို က်င့္၀တ္ဆိုင္ရာဦးစားေပးသည့္ ျပန္လည္ထူေထာင္ေရးအစီအစဥ္တြင္ ၆ လသင္တန္းတက္ေရာက္ခိုင္းထားေၾကာင္းႏွင့္ သူတို႔ကို က်န္သည့္ကာလတေလွ်ာက္ တကၠသိုလ္တြင္သာေျခခ်ဳပ္ထားမည္ျဖစ္ေၾကာင္းလည္း ထုတ္ေျပာသည္။
ေနာက္ထပ္ ၃ ေယာက္ကလည္း ၀န္ခံခဲ့ေသာ္ျငား သူတို႔သည္ ျပန္လည္ထူေထာင္ေရးအစီအစဥ္အတြက္ မသင့္ေလ်ာ္ေၾကာင္းဆံုးျဖတ္ခဲ့သည္ဟုဆိုသည္။

စာခိုးခ်ေၾကာင္းစြပ္စြဲခံရၿပီး က်န္႐ွိေနသည့္ဗိုလ္ေလာင္းမ်ားကို ေက်ာင္းမွထုတ္ရန္အပါအ၀င္ ျပစ္ဒဏ္မ်ားအႀကံ ျပဳမည္ ဂုဏ္သိကၡာက်င့္၀တ္မ်ားကိုခ်ိဳးေဖာက္ျခင္း႐ွိ၊ မ႐ွိဆံုးျဖတ္ရန္ ႀကီးၾကပ္ေရးအဖြဲ႕က ၾကားနားမႈမ်ား ျပဳလုပ္မည္ျဖစ္သည္။

Ref : More than 70 West Point cadets accused of cheating on exam

#PeopleMedia

(unicode)
အမေရိကန်ဗိုလ်လောင်း ၇၀ ကျော် စာမေးပွဲတွင်စာခိုးချဟု စွပ်စွဲမှုများရှိနေ
………………………………………….

နယူးယောက်၊ ဒီဇင်ဘာ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကြည်းတပ်အရာရှိများဖြစ်လာစေရန် အမေရိကန်စစ်တက္ကသိုလ်တွင်လေ့ကျင့်ခဲ့ပြီး သီးခြားစီစာလေ့လာခဲ့ သည့်ဗိုလ်လောင်း ၇၀ ကျော်သည် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် အွန်လိုင်းမှပြုလုပ်ခဲ့သည့် သချင်္ာစာမေးပွဲတွင် စာခိုးချခဲ့သည်ဟု စွပ်စွဲမှုများရှိနေသည်။

မေလတွင်ပြုလုပ်ခဲ့သည့် calculus စာမေးပွဲတွင် သင်တန်းနည်းပြဆရာများက အဖြေလွှာများတွင်ပုံမှန်မဟုတ် ကြောင်းတွေ့ခဲ့ရပြီးနောက် ခိုးချခဲ့သည်ဟုစွပ်စွဲခံထားရကြောင်း ဝက်စ်တ်ပွိုင့်စစ်တက္ကသိုလ်၏ ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး ခရစ္စတိုဖာ အိုဖရာ့ဒ်က တနင်္လာနေ့တွင်ပြောသည်။

အတန်းသား ၁၂၀၀ ရှိသည့်အတန်းတွင် ခိုးချသည်ဟုစွပ်စွဲခံရသူများတွင် ၁ ယောက်သာ ဒုတိယနှစ်မှဖြစ်ပြီး ကျန်သူအားလုံးသည် ပထမနှစ်ကျောင်းသားများဖြစ်သာည်ဟုလည်း အသိပေးသည်။

စစ်တက္ကသိုလ်၏ဂုဏ်သိက္ခာဆိုင်ရာကျင့်ဝတ်များကို ချိုးဖောက်သည်ဟုဆိုကာ ထိုကျောင်းသားများကို ထိန်း သိမ်းထားသည်ဟုလည်းပြောသည်။

လေ့ကျင့်ပြီးသောဗိုလ်လောင်းများဖြင့်ဖွဲ့စည်းထားသည့်ဂုဏ်သိက္ခာဆိုင်ရာကော်မတီ၏စုံစမ်းစစ်ဆေးမှုများအရ ၂ မှုကို သက်သေမလုံလောက်သဖြင့် လွှတ်ပေးခဲ့ပြီး နောက်ထပ် ၄ မှုတွင် ဗိုလ်လောင်းများနုတ်ထွက်သဖြင့် လွှတ်ပေးခဲ့ကြောင်း အိုဖရာ့ဒ်ကပြောသည်။

ကျန်သည့် ၆၇ မှုတွင် ၅၅ ယောက်က ခိုးချကြောင်းဝန်ခံခဲ့ပြီး သူတို့ကို ကျင့်ဝတ်ဆိုင်ရာဦးစားပေးသည့် ပြန်လည်ထူထောင်ရေးအစီအစဉ်တွင် ၆ လသင်တန်းတက်ရောက်ခိုင်းထားကြောင်းနှင့် သူတို့ကို ကျန်သည့်ကာလတလျှောက် တက္ကသိုလ်တွင်သာခြေချုပ်ထားမည်ဖြစ်ကြောင်းလည်း ထုတ်ပြောသည်။
နောက်ထပ် ၃ ယောက်ကလည်း ဝန်ခံခဲ့သော်ငြား သူတို့သည် ပြန်လည်ထူထောင်ရေးအစီအစဉ်အတွက် မသင့်လျော်ကြောင်းဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။

စာခိုးချကြောင်းစွပ်စွဲခံရပြီး ကျန်ရှိနေသည့်ဗိုလ်လောင်းများကို ကျောင်းမှထုတ်ရန်အပါအဝင် ပြစ်ဒဏ်များအကြံ ပြုမည် ဂုဏ်သိက္ခာကျင့်ဝတ်များကိုချိုးဖောက်ခြင်းရှိ၊ မရှိဆုံးဖြတ်ရန် ကြီးကြပ်ရေးအဖွဲ့က ကြားနားမှုများ ပြုလုပ်မည်ဖြစ်သည်။

Ref : More than 70 West Point cadets accused of cheating on exam

#PeopleMedia


Share this post