အေမရိကန္မွတ႐ုတ္သံတမန္မ်ားအေပၚကန္႔သတ္မႈအသစ္မ်ားျပဳလုပ္ေၾကာင္း အေမရိကန္ႏိုင္ငံျခား ေရး၀န္ႀကီးေၾကညာ
![](https://cdn.myanmarseo.com/file/client-cdn/peoplemedia/wp-content/uploads/2020/09/118397955_1679415068872777_7201934216932452046_n-624x351.png)
PUBLISHED - September 4, 2020
ဝါ႐ွင္တန္၊ စက္တင္ဘာ ၃
သံ႐ံုးတာ၀န္ေၾကာင့္မဟုတ္ဘဲ လူ ၅၀ ထက္ပိုသည့္ယဥ္ေက်းမႈအခမ္းအနားမ်ားႏွင့္ အေမရိကန္တကၠသိုလ္ေ က်ာင္း၀င္မ်ားသို႔ သြားေရာက္မည္ဆိုပါက အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနထံမွခြင့္ျပဳခ်က္ေတာင္း ခံရန္လိုေၾကာင္း အေမရိကန္ႏိုင္ငံဆိုင္ရာအႀကီးတန္းတ႐ုတ္သံတမန္မ်ားကို အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး မိုက္ ပြန္ပီယိုကေၾကညာသည္။
တ႐ုတ္ႏိုင္ငံဆိုင္ရာအေမရိကန္သံအမတ္မ်ားကို တ႐ုတ္ႏိုင္ငံကကန္႔သတ္ခ်က္မ်ားျပဳလုပ္ၿပီးေနာက္ အေမရိကန္ကလည္း တံု႔ျပန္ျခင္းျဖစ္သည္။
တ႐ုတ္လႊမ္းမိုးမႈ႐ွိသည့္စစ္ဆင္ေရးမ်ားႏွင့္ သူလွ်ိဳလုပ္မႈမ်ားဟုစြပ္စြဲထားသည့္လုပ္ရပ္မ်ားကို တန္ျပန္သည့္အေနျဖင့္ ထရမ့္အစိုးရ၏စည္း႐ံုးလႈံ႔ေဆာ္မႈတစိတ္တပိုင္းအေနျဖင့္ ကန္႔သတ္ျခင္းလည္းျဖစ္သည္။
တ႐ုတ္သံ႐ံုးႏွင့္ေကာင္စစ္၀န္႐ံုးမ်ား၏လူမႈကြန္ရက္အေကာင့္မ်ားကို နည္းက်လမ္းက်ေ႐ြးထုတ္ႏိုင္ရန္လုပ္ငန္း မ်ားလည္း လုပ္ေဆာင္ေပးမည္ဟု ႏိုင္ငံျခားေရး၀န္ႀကီးဌာနကေျပာသည္။
ယခုလုပ္ရပ္သည္ တ႐ုတ္သံ႐ံုးႏွင့္ေကာင္စစ္၀န္႐ံုးအမႈထမ္းမ်ားကို တရားမွ်တမႈမ႐ွိသည့္ကန္႔သတ္မႈႏွင့္ အတားအဆီးမ်ားျပဳလုပ္ျခင္းျဖစ္သည္ဟု အေမရိကန္ႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ံုးက တံု႔ျပန္ထားသည္။
Ref : Pompeo announces fresh restrictions on Chinese diplomats in US
#PeopleMedia
(unicode)
အမေရိကန်မှတရုတ်သံတမန်များအပေါ်ကန့်သတ်မှုအသစ်များပြုလုပ်ကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးကြေညာ
……………………………………………………
ဝါရှင်တန်၊ စက်တင်ဘာ ၃
သံရုံးတာဝန်ကြောင့်မဟုတ်ဘဲ လူ ၅၀ ထက်ပိုသည့်ယဉ်ကျေးမှုအခမ်းအနားများနှင့် အမေရိကန်တက္ကသိုလ် ေကျာင်းဝင်များသို့ သွားရောက်မည်ဆိုပါက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထံမှခွင့်ပြုချက်တောင်း ခံရန်လိုကြောင်း အမေရိကန်နိုင်ငံဆိုင်ရာအကြီးတန်းတရုတ်သံတမန်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုကကြေညာသည်။
တရုတ်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်များကို တရုတ်နိုင်ငံကကန့်သတ်ချက်များပြုလုပ်ပြီးနောက် အမေရိကန်ကလည်း တုံ့ပြန်ခြင်းဖြစ်သည်။
တရုတ်လွှမ်းမိုးမှုရှိသည့်စစ်ဆင်ရေးများနှင့် သူလျှိုလုပ်မှုများဟုစွပ်စွဲထားသည့်လုပ်ရပ်များကို တန်ပြန်သည့်အနေဖြင့် ထရမ့်အစိုးရ၏စည်းရုံးလှုံ့ဆော်မှုတစိတ်တပိုင်းအနေဖြင့် ကန့်သတ်ခြင်းလည်းဖြစ်သည်။
တရုတ်သံရုံးနှင့်ကောင်စစ်ဝန်ရုံးများ၏လူမှုကွန်ရက်အကောင့်များကို နည်းကျလမ်းကျရွေးထုတ်နိုင်ရန်လုပ်ငန်း များလည်း လုပ်ဆောင်ပေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။
ယခုလုပ်ရပ်သည် တရုတ်သံရုံးနှင့်ကောင်စစ်ဝန်ရုံးအမှုထမ်းများကို တရားမျှတမှုမရှိသည့်ကန့်သတ်မှုနှင့် အတားအဆီးများပြုလုပ်ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံဆိုင်ရာတရုတ်သံရုံးက တုံ့ပြန်ထားသည်။
Ref : Pompeo announces fresh restrictions on Chinese diplomats in US
#PeopleMedia