အေမရိကန္သည္ တစ္ေယာက္ထဲအထီးက်န္ေနဟု အီရန္ေျပာ

PUBLISHED - September 22, 2020
တီဟီရန္၊ စက္တင္ဘာ ၂၁
မဟာရန္သူ အေမရိကန္ျပည္ေထာင္စုသည္ လုံး၀အထီးက်န္ေနသည္ဟု အီရန္က တနဂၤေႏြေန႕တြင္ေျပာသည္။
အီရန္ကိုဖိအားေပးရန္ အေမရိကန္၏ကႀကိဳးဆြဲ႐ုပ္ေသး႐ုပ္စည္း႐ုံးလႈံ႕ေဆာ္မႈသည္ ရလဒ္တလြဲထြက္လာေၾကာင္း အီရန္သမၼတ ဟတ္ဆန္ ရိုဟာနီကေျပာသည္။
အီရန္နိုင္ငံအေပၚကုလသမဂၢပိတ္ဆို႔အေရးယူမ်ားကို ျပန္လည္က်င့္သုံးရန္ အေမရိကန္၏တစ္ဖတ္သက္ေၾကညာမႈကို အင္အားႀကီးနိုင္ငံမ်ားက ပယ္ခ်ခဲ့ၿပီးေနာက္ေျပာျခင္းျဖစ္သည္။
၂၀၁၅ အီရန္န်ဴကလီးယားသေဘာတူစာခ်ဳပ္(JCPOA)မွ အေမရိကန္ႏုတ္ထြက္ထားေသာ္လည္း ထိုစာခ်ဳပ္အရ အီရန္အေပၚပိတ္ဆို႔အေရးယူမႈမ်ားျပန္လည္အသက္သြင္းလိုက္ေၾကာင္း အေမရိကန္ဘက္ကေျပာသည္။
လက္မွတ္ေရးထိုးထားသည့္အင္အားႀကီးနိုင္ငံမ်ားက ထိုလုပ္ရပ္ဥပေဒႏွင့္ညီၫြတ္ျခင္းရွိ၊ မရွိ သံသယထားေသာ္လည္း စာခ်ဳပ္ကိုလိုက္နာရန္ပ်က္ကြက္သည့္နိုင္ငံမ်ားကို ေနာက္ဆက္တြဲမ်ားသတ္မွတ္ရန္ အေမရိကန္ဘက္က ၿခိမ္းေျခာက္ထားသည္။
၂၀၁၅ ခုႏွစ္တြင္ အီရန္၏န်ဴကလီးယားလႈပ္ရွားမႈမ်ားရပ္ဆိုင္းရန္သေဘာတူထားၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီအၿမဲတမ္းအဖြဲ႕၀င္ ၅ နိုင္ငံျဖစ္ေသာ ၿဗိတိန္၊ တ႐ုတ္၊ ျပင္သစ္၊ ႐ုရွားႏွင့္ အေမရိကန္၊ ဂ်ာမနီႏွင့္အီရန္တို႔ပါ၀င္ေသာစာခ်ဳပ္ (JCPOA)ခ်ဳပ္ဆိုခဲ့ၿပီး အီရန္အေပၚပိတ္ဆို႔မႈမ်ားေျဖေလွ်ာ့ခဲ့သည္။
Ref : Iran says US faces ‘maximum isolation’ as world powers dismiss sanctions
#PeopleMedia
[Unicode]
အမေရိကန်သည် တစ်ယောက်ထဲအထီးကျန်နေဟု အီရန်ပြော
တီဟီရန်၊ စက်တင်ဘာ ၂၁
မဟာရန်သူ အမေရိကန်ပြည်ထောင်စုသည် လုံး၀အထီးကျန်နေသည်ဟု အီရန်က တနင်္ဂနွေနေ့တွင်ပြောသည်။
အီရန်ကိုဖိအားပေးရန် အမေရိကန်၏ကကြိုးဆွဲရုပ်သေးရုပ်စည်းရုံးလှုံ့ဆော်မှုသည် ရလဒ်တလွဲထွက်လာကြောင်း အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီကပြောသည်။
အီရန်နိုင်ငံအပေါ်ကုလသမဂ္ဂပိတ်ဆို့အရေးယူများကို ပြန်လည်ကျင့်သုံးရန် အမေရိကန်၏တစ်ဖတ်သက်ကြေညာမှုကို အင်အားကြီးနိုင်ငံများက ပယ်ချခဲ့ပြီးနောက်ပြောခြင်းဖြစ်သည်။
၂၀၁၅ အီရန်နျူကလီးယားသဘောတူစာချုပ်(JCPOA)မှ အမေရိကန်နုတ်ထွက်ထားသော်လည်း ထိုစာချုပ်အရ အီရန်အပေါ်ပိတ်ဆို့အရေးယူမှုများပြန်လည်အသက်သွင်းလိုက်ကြောင်း အမေရိကန်ဘက်ကပြောသည်။
လက်မှတ်ရေးထိုးထားသည့်အင်အားကြီးနိုင်ငံများက ထိုလုပ်ရပ်ဥပဒေနှင့်ညီညွတ်ခြင်းရှိ၊ မရှိ သံသယထားသော်လည်း စာချုပ်ကိုလိုက်နာရန်ပျက်ကွက်သည့်နိုင်ငံများကို နောက်ဆက်တွဲများသတ်မှတ်ရန် အမေရိကန်ဘက်က ခြိမ်းခြောက်ထားသည်။
၂၀၁၅ ခုနှစ်တွင် အီရန်၏နျူကလီးယားလှုပ်ရှားမှုများရပ်ဆိုင်းရန်သဘောတူထားပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့၀င် ၅ နိုင်ငံဖြစ်သော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်၊ ဂျာမနီနှင့်အီရန်တို့ပါ၀င်သောစာချုပ် (JCPOA)ချုပ်ဆိုခဲ့ပြီး အီရန်အပေါ်ပိတ်ဆို့မှုများဖြေလျှော့ခဲ့သည်။
Ref : Iran says US faces ‘maximum isolation’ as world powers dismiss sanctions
#PeopleMedia