• Follow Us on

Home အေမရိကန္အစိုးရမွေထာက္ပံ့သည့္ ေဒၚလာ ၄၆ သန္းအား အစိုးရအေနျဖင့္ ပြင့္လင္းျမင္သာမႈရွိရွိ သံုးစြဲမည္ျဖစ္ ေၾကာင္း မံုရြာေအာင္ရွင္ေျပာ

အေမရိကန္အစိုးရမွေထာက္ပံ့သည့္ ေဒၚလာ ၄၆ သန္းအား အစိုးရအေနျဖင့္ ပြင့္လင္းျမင္သာမႈရွိရွိ သံုးစြဲမည္ျဖစ္ ေၾကာင္း မံုရြာေအာင္ရွင္ေျပာ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၃

အေမရိကန္အစိုးရမွေထာက္ပံ့သည့္ ေဒၚလာ ၄၆ သန္းအား အစိုးရအေနျဖင့္ ပြင့္လင္းျမင္သာမႈရွိရွိ သံုးစြဲမည္ျဖစ္ေၾကာင္း အမ်ဳိးသားဒီမိုကေရစီပါတီ ဗဟိုျပန္ၾကားေရးေကာ္မ တီအတြင္းေရးမွဴး မံုရြာေအာင္ရွင္မွ ေျပာသည္။

“အဲဒီဟာက အစိုးရကိုေထာက္ပံ့တာေလ။ ဒါဘာမွမဆန္းပါဘူး။ COVID 19 ကပ္ေရာဂါေဘးကို ျပန္လည္ကုစားဖို႔ ေထာက္ပံ့တာေတြရွိတယ္။ COVID-19 အလြန္ စီးပြားေရးျပန္နာလံထဖို႔အတြက္ ေထာက္ပံ့တာေတြရွိတယ္။ ဒီကာလ မွာ လုပ္ငန္းကိုင္ငန္းေတြ ဆက္လုပ္ကိုင္ႏိုင္ဖို႔ ေထာက္ပံ့တာေတြရွိတယ္။ ဒီေထာက္ပံ့ေငြေတြကိုလည္း အစိုးရအေနနဲ႔ ပြင့္လင္းျမင္သာမႈရွိရွိနဲ႔ ထင္သာျမင္သာရွိရွိ သံုးစြဲမွာလို႔ ကၽြန္ေတာ္ရဲရဲေျပာရဲပါတယ္။ UEC ကမသိဘူးဆိုတာေလ ေထာက္ပံ့တယ္ဆိုကတည္းကိုက အစိုးရကိုေထာက္ပံ့တာေလ။ အစိုးရကမွ ျပန္ၿပီးေတာ့ စီမံခန္႔ခြဲမွာေပါ့။ ဒါကလုပ္ထံုးလုပ္နည္းပါပဲ”ဟု မံုရြာေအာင္ရွင္ (NLD ဗဟိုျပန္ၾကားရးေကာ္မတီအတြင္းေရးမွဴး)မွ ေျပာသည္။

အဆိုပါ အေမရိကန္အစိုးရမွ ေထာက္ပံ့ထားသည့္ ေဒၚလာ ၄၆ သန္း၌ UEC အေနျဖင့္ တစ္ေဒၚလာမွ မရေၾကာင္းေျပာဆိုမႈ အေပၚ People Media က မံုရြာေအာင္ရွင္အား ဆက္သြယ္ေမးျမန္းခဲ့ျခင္းျဖစ္သည္။

ျပီးခဲ့သည့္ ရက္ပုိင္းက ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္သံရုံးက ေရြးေကာက္ပြဲေကာ္မရွင္၊ အရပ္ဘက္အဖြဲ႕အ စည္းမ်ားႏွင့္ ႏိုင္ငံေရးပါတီမ်ား ၂၀၂၀ ေရြးေကာက္ပြဲကို စီမံခန္႔ခြဲရန္ႏွင့္ ပါဝင္ႏိုင္ရန္အတြက္ အေမရိကန္အ စိုးရက ေဒၚလာ ၄၆ သန္းေက်ာ္ကူညီပံ့ပို႔ထားေၾကာင္း တရား၀င္ေဖာ္ျပခဲ့သည္။

#PeopleMedia #NLD #UEC

(unicode)
အမေရိကန်အစိုးရမှထောက်ပံ့သည့် ဒေါ်လာ ၄၆ သန်းအား အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိရှိ သုံးစွဲမည်ဖြစ် ကြောင်း မုံရွာအောင်ရှင်ပြော
…………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၃

အမေရိကန်အစိုးရမှထောက်ပံ့သည့် ဒေါ်လာ ၄၆ သန်းအား အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိရှိ သုံးစွဲမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီပါတီ ဗဟိုပြန်ကြားရေးကော်မ တီအတွင်းရေးမှူး မုံရွာအောင်ရှင်မှ ပြောသည်။

“အဲဒီဟာက အစိုးရကိုထောက်ပံ့တာလေ။ ဒါဘာမှမဆန်းပါဘူး။ COVID 19 ကပ်ရောဂါဘေးကို ပြန်လည်ကုစားဖို့ ထောက်ပံ့တာတွေရှိတယ်။ COVID-19 အလွန် စီးပွားရေးပြန်နာလံထဖို့အတွက် ထောက်ပံ့တာတွေရှိတယ်။ ဒီကာလ မှာ လုပ်ငန်းကိုင်ငန်းတွေ ဆက်လုပ်ကိုင်နိုင်ဖို့ ထောက်ပံ့တာတွေရှိတယ်။ ဒီထောက်ပံ့ငွေတွေကိုလည်း အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ထင်သာမြင်သာရှိရှိ သုံးစွဲမှာလို့ ကျွန်တော်ရဲရဲပြောရဲပါတယ်။ UEC ကမသိဘူးဆိုတာလေ ထောက်ပံ့တယ်ဆိုကတည်းကိုက အစိုးရကိုထောက်ပံ့တာလေ။ အစိုးရကမှ ပြန်ပြီးတော့ စီမံခန့်ခွဲမှာပေါ့။ ဒါကလုပ်ထုံးလုပ်နည်းပါပဲ”ဟု မုံရွာအောင်ရှင် (NLD ဗဟိုပြန်ကြားရးကော်မတီအတွင်းရေးမှူး)မှ ပြောသည်။

အဆိုပါ အမေရိကန်အစိုးရမှ ထောက်ပံ့ထားသည့် ဒေါ်လာ ၄၆ သန်း၌ UEC အနေဖြင့် တစ်ဒေါ်လာမှ မရကြောင်းပြောဆိုမှု အပေါ် People Media က မုံရွာအောင်ရှင်အား ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်အဖွဲ့အ စည်းများနှင့် နိုင်ငံရေးပါတီများ ၂၀၂၀ ရွေးကောက်ပွဲကို စီမံခန့်ခွဲရန်နှင့် ပါဝင်နိုင်ရန်အတွက် အမေရိကန်အ စိုးရက ဒေါ်လာ ၄၆ သန်းကျော်ကူညီပံ့ပို့ထားကြောင်း တရားဝင်ဖော်ပြခဲ့သည်။

#PeopleMedia #NLD #UEC


Share this post