အေမရိကန္အစိုးရေထာက္ပံ့ထားသည့္ေဒၚလာ ၄၆သန္း၌ တစ္ေဒၚလာမွ မရရွိေၾကာင္း UEC ဆို

PUBLISHED - September 3, 2020
ရန္ကုန္၊စက္တင္ဘာ-၂
အေမရိကန္အစိုးရက ေထာက္ပံ့ထားသည့္ ေဒၚလာ (၄၆)သန္း၌ UECအေနျဖင့္ တစ္ေဒၚလာမွ မရေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕၀င္ ဦးျမင့္ႏိုင္က ယေန႔က်င္းပသည့္ သတင္းစာရွင္းပြဲတြင္ မီဒီယာမ်ား ေျပာၾကားလိုက္သည္။
“အဲ့ဒါကို ေျပာရရင္ေတာ့ UECက တစ္ေဒၚလာမွ မရဘူး၊ ရွင္းသြားၿပီေပါ႔၊ သတင္းေတြက ေျပာေနတာ တက္လာတဲ့အတြက္ ေျပာေနၾကတာ UECက တစ္ေဒၚလာမွ မရဘူး” ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕၀င္ ဦးျမင့္ႏိုင္က ေျပာသည္။
UECအေနျဖင့္ ေထာက္ပံ့ေၾကး မရေၾကာင္း ေျပာဆိုေသာ္လည္း ရန္ကုန္အေျခဆိုက္ အေမရိကန္သံ႐ုံးမွ ၿပီးခဲ့တဲ့ ရက္ပိုင္းက ထုတ္ျပန္ခ်က္တြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္တာဝန္ရွိသူမ်ားႏွင့္ သံ႐ုံးယာယီတာဝန္ခံ ေဂ်ာ့ခ္ခ်ဆစ္ဘလီတို႔သည္ ပြင့္လင္းျမင္သာ၍ အားလုံးပါဝင္ေသာေရြးေကာက္ပြဲကအေရးႀကီးသည့္အေၾကာင္းႏွင့္ အမ်ားလက္ခံ၍ယုံၾကည္ရေသာေရြးေကာက္ပြဲေစာင့္ၾကည့္မႈသည္ အေရးႀကီးသည့္အေၾကာင္း ေဆြးေႏြးခဲ့ၾကပါသည္။
ေရြးေကာက္ပြဲေကာ္မရွင္၊ အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ႏိုင္ငံေရးပါတီမ်ား ၂၀၂၀ ေရြးေကာက္ပြဲကို စီမံခန္႔ခြဲရန္ႏွင့္ ပါဝင္ႏိုင္ရန္အတြက္ အေမရိကန္အစိုးရက ေဒၚလာ ၄၆ သန္းေက်ာ္ကူညီပံ့ပို႔ထားေၾကာင္းကို တရာ၀င္ေဖာ္ျပၾကသည္။
#PeopleMedia #UEC
(unicode)
အမေရိကန်အစိုးရထောက်ပံ့ထားသည့်ဒေါ်လာ ၄၆သန်း၌ တစ်ဒေါ်လာမှ မရရှိကြောင်း UEC ဆို
……………………………………………
ရန်ကုန်၊စက်တင်ဘာ-၂
အမေရိကန်အစိုးရက ထောက်ပံ့ထားသည့် ဒေါ်လာ (၄၆)သန်း၌ UECအနေဖြင့် တစ်ဒေါ်လာမှ မရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ကျင်းပသည့် သတင်းစာရှင်းပွဲတွင် မီဒီယာများ ပြောကြားလိုက်သည်။
“အဲ့ဒါကို ပြောရရင်တော့ UECက တစ်ဒေါ်လာမှ မရဘူး၊ ရှင်းသွားပြီပေါ့၊ သတင်းတွေက ပြောနေတာ တက်လာတဲ့အတွက် ပြောနေကြတာ UECက တစ်ဒေါ်လာမှ မရဘူး” ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
UECအနေဖြင့် ထောက်ပံ့ကြေး မရကြောင်း ပြောဆိုသော်လည်း ရန်ကုန်အခြေဆိုက် အမေရိကန်သံရုံးမှ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများနှင့် သံရုံးယာယီတာဝန်ခံ ဂျော့ခ်ချဆစ်ဘလီတို့သည် ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်သောရွေးကောက်ပွဲကအရေးကြီးသည့်အကြောင်းနှင့် အများလက်ခံ၍ယုံကြည်ရသောရွေးကောက်ပွဲစောင့်ကြည့်မှုသည် အရေးကြီးသည့်အကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ၂၀၂၀ ရွေးကောက်ပွဲကို စီမံခန့်ခွဲရန်နှင့် ပါဝင်နိုင်ရန်အတွက် အမေရိကန်အစိုးရက ဒေါ်လာ ၄၆ သန်းကျော်ကူညီပံ့ပို့ထားကြောင်းကို တရာဝင်ဖော်ပြကြသည်။
#PeopleMedia #UEC