
PUBLISHED - December 17, 2019
Ref; Los Angeles Time
(Unicode)
အမေရိကန်အလယ်တန်းကျောင်းခန်းမက ဒေါ်အောင်ဆန်းစုကြည်ပုံ ဖယ်ရှားခံရ
…………………………………………………………
အမေရိကန်ပြည်ထောင်စု၊ မက်ချီကန်ပြည်နယ်၊ မဲလ်ဖို့ဒ်မြို့က အလယ်တန်းကျောင်းတစ်ကျောင်းရဲ့ခန်းမမှာ ချိတ်ဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းချီကားကို ဖယ်ရှားလိုက်တယ်လို့ Los Angeles Time သတင်း စာက ဖော်ပြခဲ့ပါတယ်။
Muir အလယ်တန်းကျောင်းက Hall of Heroes လို့ အမည်ပေးထားတဲ့ခန်းမမှာ အထင်ကရ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ ဓာတ်ပုံတွေကို ချိတ်ဆွဲထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် Hall of Heroes ခန်းမမှာ ချိတ်ဆွဲဖော်ပြခံထားရတာဖြစ်ပါတယ်။
နယ်သာလန် သည်ဟိတ်မြို့က ကုလအပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က လူမျိုးတုန်း သတ်ဖြတ်မှုစွပ်စွဲချက်ကို တရားရင်ဆိုင်နေတဲ့အချိန်မှာပဲ ကျောင်းအုပ်ဖြစ်သူက ဒေါ်အောင်ဆန်းစုကြည်ပုံကို ခန်းမက ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
Ref; Los Angeles Time
#PeopleMedia