အေမရိကန္အာကာသ တပ္ဖြဲ႕သစ္ဖြဲ႕စည္းရန္ ေဒၚလာ ၇၃၈ ဘီလီယံကုန္က်မည့္ ကာကြယ္ေရးဥပေဒကို ထရမ့္လက္မွတ္ေရးထိုး အတည္ျပဳ

PUBLISHED - December 21, 2019
အေမရိကန္စစ္တပ္ရဲ႕ တပ္ဖြဲ႕အသစ္ အာကာသတပ္ဖြဲ႕ Space Force ဖြဲ႕စည္းျခင္းကို ခြင့္ျပဳတဲ့ အေမရိကန္ ေဒၚလာ ၇၃၈ ဘီလီယံကုန္က်စရိတ္ရွိတဲ့ ကာကြယ္ေရးဥပေဒကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေသာၾကာေန႔ညမွာ လတ္မွတ္ေရးထိုး အတည္ျပဳလုိက္ပါတယ္။
အမ်ိဳးသားကာကြယ္ေရးခြင့္ျပဳခ်က္အက္ဥပေဒကို အထက္လႊတ္ေတာ္က ၿပီးခဲ့တဲ့ ၾကာသပေတးေန႔မွာ အတည္ျပဳခဲ့တာျဖစ္ပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က လက္မွတ္ေရးထိုးတဲ့ အခမ္းအနားမွာ ၄င္းသမၼတ တာ၀န္ထမ္းေဆာင္ ခ်ိန္က စတင္ၿပီး ကာကြယ္ေရးအသံုးစရိတ္ အေမရိကန္ေဒၚလာ ၂.၅ ထရီလီယံအသံုးျပဳခဲ့ၿပီးျဖစ္တယ္လို႔ ေျပာပါတယ္။
မိမိတို႔စစ္တပ္ကို အင္အားႀကီးထြားလာေအာင္ တည္ေဆာက္ရာမွာ ဘယ္တုန္းကမွနဲ႔မတူတဲ့အတြက္လည္း ၄င္း အေနနဲ႔ အေမရိကန္စစ္တပ္ရဲ႕ စစ္ဦးစီးခ်ဳပ္ျဖစ္ရတာကို ဂုဏ္ယူမဆံုးဘူးလို႔ ထရမ့္က ေျပာၾကားခဲ့ပါတယ္။
Ref; washingtontimes
(Unicode)
အမေရိကန်အာကာသ တပ်ဖွဲ့သစ်ဖွဲ့စည်းရန် ဒေါ်လာ ၇၃၈ ဘီလီယံကုန်ကျမည့် ကာကွယ်ရေးဥပဒေကို ထရမ့်လက်မှတ်ရေးထိုး အတည်ပြု
……………………………………………………………
အမေရိကန်စစ်တပ်ရဲ့ တပ်ဖွဲ့အသစ် အာကာသတပ်ဖွဲ့ Space Force ဖွဲ့စည်းခြင်းကို ခွင့်ပြုတဲ့ အမေရိကန် ဒေါ်လာ ၇၃၈ ဘီလီယံကုန်ကျစရိတ်ရှိတဲ့ ကာကွယ်ရေးဥပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ညမှာ လတ်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။
အမျိုးသားကာကွယ်ရေးခွင့်ပြုချက်အက်ဥပဒေကို အထက်လွှတ်တော်က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ၄င်းသမ္မတ တာဝန်ထမ်းဆောင် ချိန်က စတင်ပြီး ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၂.၅ ထရီလီယံအသုံးပြုခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။
မိမိတို့စစ်တပ်ကို အင်အားကြီးထွားလာအောင် တည်ဆောက်ရာမှာ ဘယ်တုန်းကမှနဲ့မတူတဲ့အတွက်လည်း ၄င်း အနေနဲ့ အမေရိကန်စစ်တပ်ရဲ့ စစ်ဦးစီးချုပ်ဖြစ်ရတာကို ဂုဏ်ယူမဆုံးဘူးလို့ ထရမ့်က ပြောကြားခဲ့ပါတယ်။
Ref; washingtontimes
#PeopleMedia #International