• Follow Us on
Latest News

Home အမေရိကန်ဦးဆောင်သည့် ကိုယ်ပျောက်တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံချက် ဖျက်သိမ်းလိုက်သည့်အတွက် တူရကီက လျော်ကြေးရယူလို

အမေရိကန်ဦးဆောင်သည့် ကိုယ်ပျောက်တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံချက် ဖျက်သိမ်းလိုက်သည့်အတွက် တူရကီက လျော်ကြေးရယူလို

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁ (People Media)

 

အမေရိကန်ဦးဆောင်သော ကိုယ်ပျောက်တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံချက်ဖျက်သိမ်းလိုက်သည့်အတွက် အမေရိကန်ထံမှ လျော်ကြေးတောင်းဆိုရန် တူရကီနိုင်ငံက စဉ်းစားနေပြီး လာမည့်လတွင်ကျင်းပမည့် G-20 အစည်းအဝေးတွင်တွေ့ဆုံမည့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အား ပြောကြားသွားရန် ရည်ရွယ်ထားကြောင်း တူရကီသမ္မတရီဆက်တေရစ်အာဒိုဂန်က ပြောသည်။

 

တူရကီနိုင်ငံအတွက် ရုရှားထုတ် S-400 ခေတ်မီဒုံးကျည်ကာကွယ်ရေးစနစ်များဝယ်ယူမည့်ကိစ္စကို လုံးဝနောက် ပြန်ဆုတ်မည်မဟုတ်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က ရုရှားသမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံစဉ် တူရ ကီသမ္မတအာဒိုဂန်က သတင်းထောက်များကိုပြောသည်။ ယင်း S-400 ခေတ်မီဒုံးကျည်ကာကွယ်ရေးစနစ်များ ဝယ်ယူမည့်အစီအစဉ်ကြောင့် အမေရိကန်ဦးဆောင်သည့် F-35 ဂျက်တိုက်လေယာဉ်များထုတ်လုပ်မည့်အစီအ စဉ်ကို အမေရိကန်ဘက်က ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

 

F-35 ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံချက်မဖျက်သိမ်းခင် တူရကီနိုင်ငံက ကြိုတင်ပေးထားသည့် ဒေါ်လာ ၁.၄ ဘီလျံကိစ္စအပါအဝင် လေယာဉ်ထုတ်လုပ်ရေးအကြောင်းဆွေးနွေးနိုင်ရေး ရောမမြို့တွင်ကျင်းပမည့် G-20 အစည်းအဝေးတွင် ဂျိုးဘိုင်ဒန်နှင့်တွေ့ဆုံဆွေးနွေးသွားရန်မျှော်လင့်ထားကြောင်း အာဒိုဂန်ကပြောသည်။ စ ကော့တလန်၊ ဂလက်စ်ဂေါ၌ နိုဝင်ဘာလတွင် ကျင်းပမည့် ရာသီဥတုပြောင်းလဲမှုညီလာခံတွင်လည်း ဘေးပန်း အစည်းအဝေးအနေဖြင့်လည်း တူရကီနှင့် အမေရိကန်တို့ ဆွေးနွေးနိုင်ကြောင်း အာဒိုဂန်ကပြောသည်။

 

“ကျွန်တော်တို့ ကြိုတင်ငွေ ဒေါ်လာ ၁.၄ ဘီလျံပေးချေထားပြီးပါပြီ။ အဲဒီကိစ္စကို ဘယ်လိုလုပ်မှာလဲ။ ကျွန်တော် တို့ အဲဒီငွေတွေကို အလွယ်တကူရှာဖွေရရှိခဲ့တာ မဟုတ်ပါဘူး။ ငွေရှာရတာ မလွယ်ပါဘူး။ ကျွန်တော်တို့လိုချင် တဲ့လေယာဉ်တွေ တည်ဆောက်ပေးမလား၊ ဒါမှမဟုတ် ကျွန်တော်တို့ငွေတွေပြန်ပေးမလား (သူတို့ရွေးချယ်ရမှာ ပါ။)” ဟု အာဒိုဂန်ကပြောသည်။

 

အမေရိကန်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ရန် ခြိမ်းခြောက်ထားသည့်အတွက် S-400 ခေတ်မီဒုံးကျည်ကာကွယ် ရေးစနစ်များ ထပ်မံဝယ်ယူမည့်ကိစ္စကို မည်ကဲ့သို့ဆောင်ရွက်မည်ဖြစ်ကြောင်း မေးမြန်းသောအခါ “S-400 ခေတ်မီဒုံးကျည်ကာကွယ် ရေးစနစ်များ ထပ်မံဝယ်ယူမည့်ကိစ္စကို နောက်ပြန်ဆုတ်မည် မဟုတ်ကြောင်း” အာဒို ဂန်ကဖြေကြားသည်ကို တူရကီ ရုပ်သံ NTV ကထုတ်လွှင့်ပြသခဲ့သည်။

 

တူရကီနိုင်ငံက လွန်ခဲ့သည့်နှစ်နှစ်က S-400 ခေတ်မီဒုံးကျည်ကာကွယ်ရေးစနစ်များ ဝယ်ယူခဲ့ပြီးနောက် အမေရိ ကန်နှင့် လက်တွဲဆောင်ရွက်မည့် F-35 ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံချက်ကို အမေရိကန်ဘက်ကဖျက် သိမ်းလိုက်ပြီး တူရကီကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများကို အရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။

 

တူရကီနိုင်ငံအနေဖြင့် S-400 ခေတ်မီဒုံးကျည်ကာကွယ်ရေးစနစ်များကို နေတိုးအဖွဲ့၏ ကာကွယ်ရေးအစီအစဉ် များနှင့် ပေါင်းစပ်ခြင်းမပြုဘဲ သီးသန့် လွတ်လပ်စွာအသုံးပြုနိုင်ကြောင်း၊ ယင်းသို့အသုံးပြုခြင်းသည် မည်သူ့ကို မှ ခြိမ်းခြောက်ခြင်းမဟုတ်ကြောင်း တူရကီနိုင်ငံကပြောကြားခဲ့သည်။

 

ယင်းသို့ S-400 စနစ်များဝယ်ယူခဲ့သည့်အတွက် ရုရှားသြဇာလွှမ်းမိုးမှု နောက်ပြန်ဆုတ်သွားရန် တူရကီနိုင်ငံကို အမေရိကန်အစိုးရက ၂၀၁၇ ခုနှစ် ဥပဒေအရ စီးပွားရေးအရေးယူပိတ်ဆို့ဒဏ်ခတ်ခဲ့သည်။ အမေရိကန် မဟာ မိတ်နိုင်ငံတစ်ခုကို ယင်းဥပဒေအသုံးပြု၍ အရေးယူဒဏ်ခတ်ခဲ့ခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

 

Ref: Turkey wants compensation for ouster from US-led jet program

 

#PeopleMedia

 

(unicode)


……………………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Turkey wants compensation for ouster from US-led jet program

 

#PeopleMedia


Share this post