အမေရိကန်တောင်ပိုင်း ရေဘေးသင့်မှုတွင် သေဆုံးသူ ၂၁ ဦးအထိ ရှိလာ

PUBLISHED - August 23, 2021
နိုင်ငံတကာ၊ သြဂုတ် ၂၃ (People Media)
အမေရိကန်နိုင်ငံ တောင်ပိုင်းဒေသများ၌ ပြီးခဲ့သောနှစ်ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူ ၂၁ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
သြဂုတ်လ ၂၁ ရက်က အမေရိကန်နိုင်ငံတောင်ပိုင်း တင်နက်ဆီပြည်နယ် ဟမ်းဖရေးကောင်တီ၌ စံချိန်တင် မိုးရွာသွန်းခဲ့ရာ နေအိမ်များ၊ လမ်းမကြီးများ ရေနစ်မြှုပ်ခဲ့သည်။
ရုပ်သံဖိုင်များတွင် ဆိုးဆိုးရွားရွား ပျက်စီးသွားသောနေအိမ်များ၊ ရေစီးနှင့်မျောပါသွားသော မော်တော် ကားများကို မြင်တွေ့ရသည်။
အာဏာပိုင်များက ပျောက်ဆုံးနေသူများကို ရှာဖွေလျက်ရှိသလို ပျက်စီးသွားသော လမ်းမကြီးများကိုလည်း ပြုပြင်လျက်ရှိသည်။
အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် အဆိုပါဟာရီကိန်းမုန်တိုင်းက အပူပိုင်းမုန်တိုင်းတစ်ခုအဖြစ် အား ပျော့သွားခဲ့ပြီး ယမန်နေ့က ရိုဒေးကျွန်းပေါ်၌ တိုက်ခတ်ခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု တစ်သိန်းခန့် ဓာတ်အားပြတ် တောက်မှုများ ကြုံတွေ့ခဲ့ရသည်။
အပူပိုင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နယူးယောက်နှင့် နယူးဂျာစီပြည်နယ်များ၌ လမ်းမကြီးအချို့ ရေ နစ်မြှုပ်ခဲ့သည်။
တင်နက်ဆီပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ဝမ်းနည်းမိပါကြောင်း၊ ရေဘေးသင့်ဒေသများသို့ ပံ့ပိုးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။
Ref; 21 dead after record rainfall in Tennessee
#PeopleMedia #EPN #international #အမေရိကန်
(unicode)
………………………………………………
Ref; 21 dead after record rainfall in Tennessee