အမေရိကန်၏ ကျဆုံးစစ်သည်များ အောက်မေ့ဖွယ်အခမ်းအနားအား ဒုတိယသမ္မတတက်ရောက်
PUBLISHED - May 29, 2019
အမေရိကန် ပြည်ထောင်စုရဲ့ ကျဆုံးစစ်သည်များ အောက်မေ့ဖွယ်အခမ်းအနား (Memorial Day)ကိုမေ ၂၇ ရက်က နိုင်ငံတစ်ဝန်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ Arlington မှာ ကျင်းပခဲ့တဲ့ အခမ်းအနားကိုအမေရိကန် ဒုတိယ သမ္မတ မိုက်ပန်စီ တက်ရောက်ခဲ့ပြီး စစ်သည် ဂူဗိမာန်မှာ ပန်းခွေချ အလေးပြုခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်နိုင်ငံကို ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေ တာမို့ ဒုတိယ သမ္မတမိုက်ပန်စီက Arlington အမျိုးသား စစ်သင်္ချိုင်းမှာ ကျင်းပတဲ့ ကျဆုံး စစ်သည် အောက်မေ့ဖွယ်နေ့ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောခဲ့ တာဖြစ်ပါတယ်။
အမေရိကန်မှာ စစ်ပွဲများကြောင့် သေဆုံးခဲ့ရတဲ့ စစ်သည်အရေအတွက်က တစ် သန်းကျော်ရှိပြီး အသေအပျောက်အများဆုံးကတော့  ၁၉ ရာစုအတွင်းဖြစ်ပွားခဲ့တဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြည်တွင်းဖြစ်ကာ သေဆုံးသူ ငါးသိန်းလောက်ရှိပါတယ်။
ပြည်ပစစ်ပွဲများအတွင်း အမေရိကန်စစ်သည်များ အသေအပျောက်အများဆုံးကတော့ ဒုတိယ ကမ္ဘာစစ်ဖြစ်ကာ သေဆုံးသူ လေးသိန်းကျော်ရှိခဲ့ပါတယ်။
https://www.facebook.com/303185163868226/videos/1073467352847844/