• Follow Us on
Latest News

Home အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုများ ရုတ်သိမ်းရေးကြိုးပမ်းမည်ဟု အီရန်သမ္မတသစ် အီဘရာဟင်ရိုင်စီ ကတိပြု

အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုများ ရုတ်သိမ်းရေးကြိုးပမ်းမည်ဟု အီရန်သမ္မတသစ် အီဘရာဟင်ရိုင်စီ ကတိပြု

Share this post

နိုင်ငံတကာ၊ သြဂုတ် ၆ (People Media)

အီဘရာဟင်ရိုင်စီက အီရန်သမ္မတသစ်အဖြစ် ကျန်းသစ္စာကျိန်ဆိုခဲ့ပြီး သံတမန်နည်းလမ်းများဖြင့် အမေရိ ကန်နိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုများ ရုတ်သိမ်းစေရန် ကြိုးပမ်းမည်ဟု ကတိပြုလိုက်သည်။

ရိုင်စီသည် ယမန်နေ့က တီဟီရန်မြို့တော်ရှိ လွှတ်တော်ရှေ့မှောက်၌ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

အမေရိကန်ဆန့်ကျင်ရေးသမား ရှေးရိုးစွဲသဘောထားတင်းမာသူ ရိုင်စီက နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည့် ဟတ်ဆန်ရိုဟာနီ၏ နေရာကိုဆက်ခံသူဖြစ်သည်။

ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတက်ရောက်သူများတွင် အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ရက်ဂါနီနှင့် နိုင်ငံ ပေါင်း ၇၀ ကျော်မှ အရေးပါသောပုဂ္ဂိုလ်များ၊ သံတမန်များလည်း ပါဝင်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။

အီရန်ပြည်သူများက လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားမှုနှင့် ဝင်ငွေကောင်းမွန်မှုကို အလိုရှိကြောင်း ရိုင်စီက ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုများကြောင့် တိုင်းပြည်စီးပွားရေးရပ်တန့်နေလင့်ကစား ပြည်သူများ၏တောင်းဆိုမှုများ ဖြည့်ဆည်းပေးမည်ဟု ကတိပြုခဲ့သည်။

ဒဏ်ခတ်အရေးယူမှုများ ရုတ်သိမ်းရမည်ဖြစ်ပြီး အရေးယူမှုရုတ်သိမ်းရေး ရည်မှန်းချက်အောင်မြင်စေရန် အီရန်အစိုးရက သံတမန်ရေးကြိုးပမ်းမှုများ ပြုလုပ်မည်ဟု ၎င်းက ဆိုသည်။

အီရန်နှင့် အမေရိကန်နိုင်ငံတို့က တီဟီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သော ၂၀၁၅ ခုနှစ် သ ဘောတူညီချက် ပြန်လည်အသက်သွင်းမည့် တိုက်ရိုက်မဟုတ်သော ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

ဒဏ်ခတ်အရေးယူမှုများ ရုတ်သိမ်းရေးတောင်းဆိုမှုကြောင့် ဆွေးနွေးမှုများ ရပ်ဆိုင်းခဲ့ရသည်။ ဒဏ်ခတ် အရေးယူမှုများကို မကြာမီ ရုတ်သိမ်းခြင်းမရှိပါက အီရန်ပြည်သူများ၏ ကန့်ကွက်မှုများ ပိုမို ပြင်းထန်လာနိုင် သည်။

သမ္မတ ရိုင်စီက အစိုးရသစ်ဖွဲ့စည်းရန် အစိုးဝန်အဖွဲ့ဝင် ဝန်ကြီးများစာရင်းကို မကြာမီ လွှတ်တော်သို့ တင်သွင်း မည်ဖြစ်သည်။ လွှတ်တော်၏ အတည်ပြုချက်ရပြီးလျှင် အစိုးရအဖွဲ့သစ်ကို တရားဝင်ဖွဲ့စည်းကာ လုပ်ငန်း ဆောင်ရွက်မှု စတင်မည်ဖြစ်သည်။

Ref; Iran’s new president aims to have sanctions lifted

#PeopleMedia #EPN #international #အီရန်

(unicode)
……………………………………………………………..











Ref; Iran’s new president aims to have sanctions lifted



Share this post