• Follow Us on

Home အမေရိကန်၏ ဟိုက်ပါဆောနစ်ဒုံးကျည် နောက်ဆုံးစမ်းသပ်ပစ်လွှတ်မှု မအောင်မြင်

အမေရိကန်၏ ဟိုက်ပါဆောနစ်ဒုံးကျည် နောက်ဆုံးစမ်းသပ်ပစ်လွှတ်မှု မအောင်မြင်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၂ (People Media)

 

အမေရိကန်၏ ဟိုက်ပါဆောနစ်ဒုံးကျည်နောက်ဆုံးစမ်းသပ်ပစ်လွှတ်မှု မအောင်မြင်သောကြောင့် ဟိုက်ပါဆော နစ်လက်နက်ပြိုင်ပွဲ၌ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့် ယှဉ်ပြိုင်ရာတွင် အမေရိကန်သည် နောက်ကျကျန်ရစ်နေပြီ ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် ထည့်သွင်းဖော်ပြလိုက်သည်။

 

ဒုံးကျည်ထိပ်ဖူးကို ဟိုက်ပါဆောနစ်အမြန်နှှုန်းရရှိအောင် အရှိန်မြှင့်တင်ပေးရာတွင် အသုံးပြုသည့် ရော့ကက်ဖြစ် သော အရှိန်ုမြှင့်ဒုံးစက်သည် အလုပ်မလုပ်နိုင်ဘဲ ဟိုက်ပါဆောနစ်အရှိန်ဖြင့်ပျံသန်းရမည့် ထိပ်ဖူးမှာလည်း ဆက် လက်ပျံသန်းခြင်းမပြုနိုင်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

 

အရှိန်မြှင့်ဒုံးစက်ခေါ် ရော့ကက်အလုပ်မလုပ်သဖြင့် ဟိုက်ပါဆောနစ်လက်နက်များထုတ်လုပ်ရန် လိုအပ်သည့်အ ဓိက အစိတ်အပိုင်းဖြစ်သော ဟိုက်ပါဆောနစ်ထိပ်ဖူးကို ပင်တဂွန်စစ်ဌာနချုပ်က စမ်းသပ်ခြင်းမပြုလုပ်နိုင်ခဲ့ပေ။

 

အရှိန်မြှင့်ဒုံးစက် အလုပ်မလုပ်နိုင်သည့် အကြောင်းရင်းကိုရှာဖွေဖော်ထုတ်ရန်အတွက် အလာစကားပြည်နယ် ကိုဒီးယပ်ခ်ရှိ ပစိဖိတ်အာကာသစခန်းတွင် အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့် စမ်းသပ်ပစ်ခတ်မှု ကို တာဝန်ရှိသူများက စတင်ဆန်းစစ်လေ့လာလျက်ရှိသည်။

 

“ကာကွယ်ရေးဝန်ကြီးဌာနက ဟိုက်ပါဆောနစ်နည်းပညာတွေကို စမ်းသပ်ရင်းအလုပ်လုပ်နေတာမို့လို့ အောင် မြင်မှုရရှိခဲ့ လေ့လာစမ်းသပ်မှုတွေရော အောင်မြင်မှုမရတဲ့ လေ့လာစမ်းသပ်မှုတွေရော နှစ်မျိုးစလုံးဟာ အလွန် လျင်မြန်တဲ့အရှိန်နဲ့ အဆင့်မြင့်ပြီး ပိုင်းခြားစိတ်ဖြာရတဲ့ နည်းပညာတွေကို ထုတ်လုပ်တဲ့ အဓိကကျောရိုး မဏ္ဍိုင် ပဲဖြစ်ပါတယ်။” ဟု ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် Lieutenant commander တမ်ဂါမန်းကပြောသည်။

 

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ၎င်းတို့ကိုယ်ပိုင် ဟိုက်ပါဆောနစ်လက်နက်များကို တီထွင်ထုတ်လုပ်နေသော ကြောင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဟိုက်ပါဆောနစ်လက်နက်များကို ထိပ်တန်းဦးစားပေးအဆင့် များထဲမှ တစ်ခုအဖြစ် ထုတ်လုပ်ရန်ကြိုးစားဆောင်ရွက်လျက်ရှိသည်။

 

လက်ရှိ ဟိုက်ပါဆောနစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု မအောင်မြင်ခြင်းမှာ ဧပြီလအတွင်းက အမေရိကန်နိုင်ငံ၏ ကြိုးပမ်းမှုပျက်ပြားခဲ့ပြီးနောက် နောက်ထပ်မအောင်မြင်မှုတစ်ခုဖြစ်သည်။ မကြာသေးမီက တရုတ်နိုင်ငံက ဟိုက် ပါဆောနစ်ထိပ်ဖူးတပ်ဒုံးကျည်ကို အောင်မြင်စွာပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံက ယခုကဲ့သို့စမ်းသပ်ပစ် ခတ်ခဲ့ခြင်းဖြစ်သည်။

 

Ref: Latest US military hypersonic test fails

 

#PeopleMedia

 

(unicode)


………………………………………………………………………..

 


 


 


 


 


 


 


 


 

Ref: Latest US military hypersonic test fails

 

#PeopleMedia


Share this post