အမေရိကန်နိုင်ငံက ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်း ဒေါ်လာ ၁ ဘီလျံဖိုး ထောက်ပံ့သွားမည်

PUBLISHED - March 17, 2022
နိုင်ငံတကာ၊ မတ် ၁၇
အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအကူအညီဘတ်ဂျက်အသစ်အဖြစ် ဒေါ်လာ ၁ ဘီလျံနဲ့ အ တူ တာဝေးပစ်လက်နက်တွေ၊ ဒရုန်းလေယာဉ်တွေကိုထောက်ပံ့သွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင် ဒန်က ဗုဒ္ဓဟူးနေ့ (မတ်လ ၁၆ ရက်) က ကြေညာလိုက်ပါတယ်။
ရုရှားတပ်တွေ ယူကရိန်းမြို့တော်ကိယက်ဗ်အနားကို နီးကပ်လာတဲ့အချိန်မှာ အတည်ပြုလိုက်တဲ့ ဒီဘတ်ဂျက် ထောက်ပံ့မှုမှာ လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက ခွဲဝေလျာထားတဲ့ ဒေါ်လာ သန်း ၂၀၀ နဲ့ လွန်ခဲ့တဲ့သီတင်းပတ် တွင်း ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့ နောက်ထပ် ဒေါ်လာသန်း ၈၀၀ ပါဝင်ပါတယ်။
“ယူကရိန်းနိုင်ငံသားတွေ ကျူးကျော်တိုက်ခိုက်မှုကို ခုခံကာကွယ်နေစဉ်အတွင်းမှာ သူတို့အတွက်အထောက်အ ကူဖြစ်စေဖို့ ကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနကနေ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ တိုက်ရိုက်လွှဲ ပြောင်းပေးသွားမှာပါ။” လို့ ဘိုင်ဒန်က ပြောပါတယ်။
တစ်ပြိုင်တည်းမှာပဲ အမေရိကန်က ယူကရိန်းအတွက် အကွာအဝေးပိုမိုပစ်ခတ်နိုင်တဲ့ လေကြောင်းရန်ကာကွယ် ရေးလက်နက်တွေကိုလည်း ထောက်ပံ့သွားမယ်လို့ ဘိုင်ဒန်က ပြောပါတယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ ယူကရိန်းကတောင်းဆိုထားတဲ့ လေယာဉ်မပျံသန်းရဇုံသတ်မှတ်ပေးရေးကိစ္စကို တော့ စိတ်ဝင်စားတဲ့လက္ခဏာ လုံးဝမပြပါဘူး။
ဆိုဗီယက်နိုင်ငံဟောင်းဖြစ်တဲ့ ယူကရိန်းနိုင်ငံလေကြောင်းပိုင် နက်ကို လေယာဉ်မပျံသန်းရဇုံအဖြစ်သတ်မှတ် ပေးလိုက်မယ်ဆိုရင် နေတိုးအဖွဲ့နဲ့ ရုရှားနိုင်ငံတို့ ထိပ်တိုက်ရင် ဆိုင်ရမှာဖြစ်တဲ့အတွက် အဲဒီအဆိုပြုချက်ကို နေတိုးအဖွဲ့က တောက်လျှောက်ငြင်းဆိုပယ်ချခဲ့ပါတယ်။
အဲဒီလို လေယာဉ်မပျံသန်းရဇုံသတ်မှတ်ပေးမယ့်အစား စစ်လက်နက်အကူအညီတွေ တိုးမြှင့်ပေးတဲ့အနေနဲ့ ယူကရိန်းနိုင်ငံက လေကြောင်းရန်ကာကွယ်ရေးအတွက် စတင်းဂါး ဒုံးကျည် အစင်း ၈၀၀၊ တင့်ဖျက်လက်နက် ၉၀၀၀၊ လက်နက်ငယ်အလက် ၇၀၀၀ နဲ့ ကျည် သန်း ၂၀ လက်ခံရရှိမှာဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြော ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းအတွက် ဒရုန်းအစင်း ၁၀၀ ကိုလည်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
အဲဒီလို ဒရုန်းတွေထောက်ပံ့ပေးတာကို “ယူကရိန်းနိုင်ငံ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့အတွက် အမေရိကန် နိုင်ငံက ခေတ်အမီဆုံးလက်နက်စနစ်တွေကို ပံ့ပိုးပေးမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေကို လက် တွေ့အကောင်အထည်ဖော်လိုက်တာပါ။” လို့ ပြောဆိုသွားပါတယ်။
Ref: Biden Authorizes ‘Unprecedented’ New Weapons Aid to Ukraine
(unicode)
………………………………………
Ref: Biden Authorizes ‘Unprecedented’ New Weapons Aid to Ukraine