အေမရိကန္ႏိုင္ငံသားအာ႐ွတိုက္ဖြားမ်ားသည္ ဗိုင္းရပ္စ္ကို တာ၀န္ခံရမွာမဟုတ္ေၾကာင္း၊ ကာကြယ္မႈ လိုအပ္ ေနေၾကာင္း ထရမ့္ေျပာ

PUBLISHED - March 24, 2020
ဝါ႐ွင္တန္၊ မတ္ ၂၄
ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါကို တ႐ုတ္ဗိုင္းရပ္ဟုသံုးႏႈန္းခဲ့သျဖင့္ လူမ်ိဳးေရးခြဲျခားသည္ဟု စြပ္စြဲခံေနရေသာ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အေမရိကန္ႏိုင္ငံသားအာ႐ွတိ္ုက္ဖြားမ်ားသည္ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈ အတြက္ တာ၀န္႐ွိသူမ်ားမဟုတ္ဘဲ ကာကြယ္ေပးရန္ လိုအပ္သူမ်ားျဖစ္ေၾကာင္း ေျပာခဲ့သည္။
အေမရိကန္ႏိုင္ငံသားအာ႐ွတိုက္ဖြားမ်ားကို ႏႈတ္အားျဖင့္ေရာ၊ ကိုယ္ထိလက္ေရာက္ေရာေစာ္ကားမႈမ်ား ႐ွိေန ခ်ိန္တြင္ ထရမ့္က ယခုကဲ့သို႔ေျပာဆိုျခင္းျဖစ္သည္။
“အေမရိကန္ျပည္ေထာင္စုနဲ႔ကမာၻတ၀န္းမွာ႐ွိတဲ့ အေမရိကန္ႏိုင္ငံသားအာ႐ွတိ္ုကဖြားေတြကို အျပည့္အ၀ ကာ ကြယ္ဖို႔ အေရးႀကီးပါတယ္”ဟု တနလၤာေန႔တြင္ ထရမ့္က တြစ္တာတြင္ေျပာသည္။
“သူတို႔က အံ့ၾသစရာေကာင္းတဲ့လူေတြပါ။ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔ေနတာက သူတို႔အျပစ္မဟုတ္ပါဘူး။ ဗိုင္းရပ္စ္ကိုတိ္ုက္ ဖ်က္ဖို႔ သူတို႔ေတြလည္း ကၽြန္ေတာ္တို႔နဲ႔အတူအလုပ္လုပ္ေနပါတယ္။ စုေပါင္းအင္အားနဲ႔ကို႐ိုနာဗိုင္းရပ္စ္ကို ေအာင္ႏိုင္ရမယ္” ဟုလည္း ထရမ့္ကေျပာသည္။
တ႐ုတ္ႏိုင္ငံတြင္စတင္ခဲ့ၿပီး ကမာၻတ၀န္းကိုပ်ံ႕ႏွံ႔ေနသည့္ဗိုင္းရပ္စ္အေရး တ႐ုတ္ႏိုင္ငံ၏ကိုင္တြယ္မႈကို ထရမ့္က ထပ္ကာထပ္ကာေ၀ဖန္ခဲ့ေသာ္လည္း တ႐ုတ္သမၼတ႐ွီက်င့္ပင္ကိုေတာ့ ေ၀ဖန္မႈမ်ားေ႐ွာင္ေနသည္။
ယေန႔အထိစာရင္းမ်ားအရ အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၄၆၁၄၅ ေယာက္႐ွိၿပီး ေသဆံုးသူ ၅၈၂ ေယာက္႐ွိေနသည္။ ျပန္သက္သာသြားသူ ၂၉၅ ေယာက္႐ွိၿပီး လူ ၁ သန္းတြင္ ၁၃၉ ေယာက္ႏႈန္းျဖစ္ပြား ေနသည္။
Ref : Trump: Asian-Americans not responsible for virus, need protection
#PeopleMedia #CoronaVirus #AsianAmerican
(Unicode)
အမေရိကန်နိုင်ငံသားအာရှတိုက်ဖွားများသည် ဗိုင်းရပ်စ်ကို တာဝန်ခံရမှာမဟုတ်ကြောင်း၊ ကာကွယ်မှု လိုအပ် နေကြောင်း ထရမ့်ပြော
……………………………………………………….
ဝါရှင်တန်၊ မတ် ၂၄
ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကို တရုတ်ဗိုင်းရပ်ဟုသုံးနှုန်းခဲ့သဖြင့် လူမျိုးရေးခွဲခြားသည်ဟု စွပ်စွဲခံနေရသော အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံသားအာရှတိ်ုက်ဖွားများသည် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု အတွက် တာဝန်ရှိသူများမဟုတ်ဘဲ ကာကွယ်ပေးရန် လိုအပ်သူများဖြစ်ကြောင်း ပြောခဲ့သည်။
အမေရိကန်နိုင်ငံသားအာရှတိုက်ဖွားများကို နှုတ်အားဖြင့်ရော၊ ကိုယ်ထိလက်ရောက်ရောစော်ကားမှုများ ရှိနေ ချိန်တွင် ထရမ့်က ယခုကဲ့သို့ပြောဆိုခြင်းဖြစ်သည်။
“အမေရိကန်ပြည်ထောင်စုနဲ့ကမ္ဘာတဝန်းမှာရှိတဲ့ အမေရိကန်နိုင်ငံသားအာရှတိ်ုကဖွားတွေကို အပြည့်အ၀ ကာ ကွယ်ဖို့ အရေးကြီးပါတယ်”ဟု တနင်္လာနေ့တွင် ထရမ့်က တွစ်တာတွင်ပြောသည်။
“သူတို့က အံ့ဩစရာကောင်းတဲ့လူတွေပါ။ ဗိုင်းရပ်စ်ပျံ့နှံ့နေတာက သူတို့အပြစ်မဟုတ်ပါဘူး။ ဗိုင်းရပ်စ်ကိုတိ်ုက် ဖျက်ဖို့ သူတို့တွေလည်း ကျွန်တော်တို့နဲ့အတူအလုပ်လုပ်နေပါတယ်။ စုပေါင်းအင်အားနဲ့ကိုရိုနာဗိုင်းရပ်စ်ကို အောင်နိုင်ရမယ်” ဟုလည်း ထရမ့်ကပြောသည်။
တရုတ်နိုင်ငံတွင်စတင်ခဲ့ပြီး ကမ္ဘာတဝန်းကိုပျံ့နှံ့နေသည့်ဗိုင်းရပ်စ်အရေး တရုတ်နိုင်ငံ၏ကိုင်တွယ်မှုကို ထရမ့်က ထပ်ကာထပ်ကာဝေဖန်ခဲ့သော်လည်း တရုတ်သမ္မတရှီကျင့်ပင်ကိုတော့ ဝေဖန်မှုများရှောင်နေသည်။
ယနေ့အထိစာရင်းများအရ အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၆၁၄၅ ယောက်ရှိပြီး သေဆုံးသူ ၅၈၂ ယောက်ရှိနေသည်။ ပြန်သက်သာသွားသူ ၂၉၅ ယောက်ရှိပြီး လူ ၁ သန်းတွင် ၁၃၉ ယောက်နှုန်းဖြစ်ပွား နေသည်။
Ref : Trump: Asian-Americans not responsible for virus, need protection