အမေရိကန်နှင့် တင်းမာမှုများ ဖြစ်ပွားနေစဉ် တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်မည်

PUBLISHED - January 26, 2021
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
အငြင်းပွားရေပိုင်နက်အတွင်း အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု ဝင်ရောက်မှုကို အမျက်ဒေါသထွက်ခဲ့ သည့် တရုတ်နိုင်ငံက ယခုအပတ်အတွင်း တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဟု ယနေ့ပြောကြားလိုက်သည်။
တရုတ်နိုင်ငံ ပင်လယ်ရေကြောင်းဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်သည့် သတိပေးချက်တစ်ခုအရ ဇန်န ဝါရီလ ၂၇ ရက်မှ ၃၀ ရက်အတွင်း တုံကင်းပင်လယ်ကွေ့ ရေပိုင်နက်နယ်မြေအချို့မှ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း လီကျိုးကျွန်းဆွယ်အနောက်ပိုင်းအထိ သင်္ဘော၊ လှေများဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။
သို့သော်လည်း မည်သည့်အချိန်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်မည် သို့မဟုတ် စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ ဝင်နှင့် စစ်သင်္ဘော၊ လက်နက် မည်ရွေ့မည်မျှ ပါဝင်မည်ဆိုသည်ကို အသေးစိတ်မဖော်ပြပေ။
ဂျိုးဘိုင်ဒင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် လွတ်လပ်သော ရေကြောင်းသွားလာခွင့် တိုးမြှင့်ရန်ဟု ဆိုကာ ယူအက်စ်အက်စ် သီရိုဒီရုစဗဲ့ ဦးဆောင်သော အမေရိကန်တိုက်ရေယာဉ်အုပ်စု တောင်တရုတ်ပင်လယ် အတွင်း ဝင်ရောက်ခဲ့သည်။
တရုတ်နိုင်ငံက ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ထိုင်ဝမ်တို့နှင့် ပိုင်နက်နယ်မြေ အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိရာ တောင်တရုတ်ပင်လယ်အတွင်းသို့ မကြာသေးမီနှစ်များအတွင်း အမေရိကန်တပ်မတော်က လှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်းသို့ အမေရိကန်နိုင်ငံက လေယာဉ်တင်သင်္ဘောများ၊ စစ်ရေယာဉ်များ ပုံမှန် ဆိုသလို စေလွှတ်မှုကို တရုတ်နိုင်ငံက ဇန်နဝါရီလ ၂၅ ရက်တွင် ကန့်ကွက်ခဲ့သည်။
ကိုးကား – ရိုက်တာ
Ref; China to conduct military drills in South China Sea amid tensions with U.S.
#PeopleMedia
(unicode)
…………………………………………………………………
Ref; China to conduct military drills in South China Sea amid tensions with U.S.
#PeopleMedia