အမေရိကန် စစ်မူထမ်းတွေကို ဂုဏ်ပြုခဲ့တဲ့ Rolling Thunder ဆိုင်ကယ်စီးအဖွဲ့
PUBLISHED - May 28, 2019
Rolling Thunder ဆိုင်ကယ်စီးအဖွဲ့ပာာ အမေရိကန်စစ်မူထမ်းတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ မေ ၂၆ ရက်က မြို့တော်ဝါရှင်တန်ဒီစီက အမျိုးသားရင်ပြင်တစ်ဝိုက်မှာလှည့် လည်မူပြုလုပ်ခဲ့ပါတယ်။ စစ်ပွဲများအတွင်း ပျောက်ဆုံးသွားသူတွေ၊သေဆုံးသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်နိုင်ငံတစ်ဝှမ်းက ဆိုင်ကယ်စီးသမားတွေပာာ ၀ါရှင်တန်ဒီစီကို အရောက်လာခဲ့တာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို ၁၉၈၇ ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်သွားခဲ့ပြီဖြစ် ပါတယ်။ ဒါပေမဲ့ ဒီနှစ်ပြုလုပ်တဲ့ အစီအစဉ်ပာာ နောက်ဆုံးဖြစ်သွားပါတယ်။
ခွင့်ပြုချက်တောင်းခံရာမှာ စရိတ်များလွန်းခြင်း၊ ဥပေဒေနဲ့အညီဆောင်ရွက်ရာမှာ အခက် အခဲရှိခြင်း စတာတွေကြောင့် ၂၀၁၉ပာာ နောက်ဆုံးနူတ်ဆက်ပွဲဖြစ်သွားပါတယ်။
ဒါပေမဲ့ Rolling Thunder အဖွဲ့ပာာ ၂၀၂၀ မှာ သူတို့ရဲ့ သက်ဆိုင်ရာ ဌာနခွဲ ၉၀မှာ ကိုယ့်နေရာအလိုက် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်ပွဲတွေမှာ ပျောက်ဆုံးခဲ့ တဲ့ အမေရိကန် စစ်သားအရေအတွက်ပာာ ၈၃၀၀၀ ရှိပြီး အဲဒီအထဲက ၇၃၀၀၀ လောက်ပာာ ဒုတိယကမ္ဘာစစ်မှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
https://www.facebook.com/303185163868226/videos/1300995436705316/