PUBLISHED - November 21, 2019
(unicode)
အမေရိကန် Tomahawk ခရုမစ်ဇိုင်းများ ရုရှားလက်ထဲရောက်ရှိ
……………………………………………………………
ရုရှားနိုင်ငံဟာ အမေရိကန်ထုတ် Tomahawk ခရုမစ်ဇိုင်းကို ဆီးရီးယားနိုင်ငံက သိမ်းဆည်းရရှိခဲ့ပြီး လေ့လာမှုတွေပြုလုပ်လျက်ရှိနေပါတယ်။
တွေ့ရှိခဲ့တဲ့ မစ်ဇိုင်းနှစ်စင်းဟာ ဆီးရီးယားကို ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိခဲ့တာဖြစ်ပါတယ်။ Tomahawk ခရုမစ်ဇိုင်းတွေရဲ့ ဆက်သွယ်ရေးလိုင်းများ၊သတင်းအချက်အလက်များ၊ထိန်းချုပ်မှုစနစ်၊လမ်းညွှန်စနစ်နဲ့ အကွာဝေးတို့ကို လေ့လာပြီး ပိုကောင်းတဲ့ခရုမစ်ဇိုင်းကို ပြန်လည်ထုတ်လုပ်နိုင်ဖို့ ရုရှားက မျှော်မှန်းထားပါ တယ်။
Tomahawk ခရုမစ်ဇိုင်းတွေဟာ နောက်ဆုံးပေါ် မစ်ဇိုင်းလမ်းညွှန်စနစ်နဲ့ လျှို့ဝှက်ချက်တွေ ကိုဖော်ထုတ်နိုင်လိမ့်မယ်လို့လည်း ရုရှားကျွမ်းကျင်ပညာရှင်တွေက ပြောကြားထားပါတယ်။
Ref; https://nationalinterest.org/
#PeopleMedia #International