အေရွ႕အလယ္ပိုင္းေဒသက အေမရိကန္တပ္ဖြဲ႕၀င္မ်ား ဆုတ္ခြာရန္ အီရန္ ထပ္မံေတာင္းဆို

PUBLISHED - January 8, 2020
အေရွ႕အလယ္ပိုင္းေဒသက အေမရိကန္တပ္ေတြ ဆုတ္ခြာဖို႔ အီရန္က ထပ္မံေတာင္းဆိုလိုက္ေၾကာင္း အီရန္ ႐ုပ္သံလိုင္းက ေၾကညာခဲ့ပါတယ္။
အခုအခ်ိန္မွာ ၄င္းတို႔အေနနဲ႔ မိမိတို႔အင္အားကို နားလည္ၿပီးျဖစ္လို႔ အေမရိကန္အေနတပ္ဖြဲ႕၀င္ေတြဟာ အေရွ႕ အလယ္ပိုင္းေဒသက ဆုတ္ခြာရမယ့္အခ်ိန္ျဖစ္တယ္လို႔ အီရန္စစ္ဦးစီးခ်ဳပ္ ဘာကာရီရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေျပာၾကားခ်က္ကို အီရန္႐ုပ္သံလိုင္းက ေဖာ္ျပခဲ့ပါတယ္။
အီရန္စစ္တပ္ဟာ အေမရိကန္နဲ႔ ၄င္းမဟာမိတ္ေတြကို တိုက္ခိုက္ဖို႔ ၿခိမ္းေျခာက္ထားၿပီး အေမရိကန္ကိုလည္း တပ္ဖြဲ႕၀င္ေတြ ျပန္လည္႐ုတ္သိမ္းဖို႔ ေတာင္းဆိုထားပါတယ္။
Ref; indiatoday
(Unicode)
အရှေ့အလယ်ပိုင်းဒေသက အမေရိကန်တပ်ဖွဲ့ဝင်များ ဆုတ်ခွာရန် အီရန် ထပ်မံတောင်းဆို
…………………………………………………………
အရှေ့အလယ်ပိုင်းဒေသက အမေရိကန်တပ်တွေ ဆုတ်ခွာဖို့ အီရန်က ထပ်မံတောင်းဆိုလိုက်ကြောင်း အီရန် ရုပ်သံလိုင်းက ကြေညာခဲ့ပါတယ်။
အခုအချိန်မှာ ၄င်းတို့အနေနဲ့ မိမိတို့အင်အားကို နားလည်ပြီးဖြစ်လို့ အမေရိကန်အနေတပ်ဖွဲ့ဝင်တွေဟာ အရှေ့ အလယ်ပိုင်းဒေသက ဆုတ်ခွာရမယ့်အချိန်ဖြစ်တယ်လို့ အီရန်စစ်ဦးစီးချုပ် ဘာကာရီရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောကြားချက်ကို အီရန်ရုပ်သံလိုင်းက ဖော်ပြခဲ့ပါတယ်။
အီရန်စစ်တပ်ဟာ အမေရိကန်နဲ့ ၄င်းမဟာမိတ်တွေကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်ထားပြီး အမေရိကန်ကိုလည်း တပ်ဖွဲ့ဝင်တွေ ပြန်လည်ရုတ်သိမ်းဖို့ တောင်းဆိုထားပါတယ်။
Ref; indiatoday
#PeopleMedia #International