
PUBLISHED - December 27, 2019
Ref;Reuters
#PeopleMedia
(Unicode)
အရှေ့အလယ်ပိုင်းဒေသသို့ ဂျပန်စစ်သင်္ဘော စေလွှတ်မည်
……………………………………………………
အရှေ့အလယ်ပိုင်းဒေသက ဂျပန်သင်္ဘောတွေကို အကာအကွယ်ပေးဖို့အတွက် ဂျပန်က စစ်သင်္ဘောနဲ့ ကင်း လှည့်လေယာဉ်တွေကို စေလွှတ်သွားမှာဖြစ်ပါတယ်။
အခုလိုစေလွှတ်မယ့် အစီအစဉ်ကို ဂျပန်အစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ဖော်ပြသ ခဲ့တာဖြစ်ပါတယ်။
အစီအစဉ်အရ ရဟတ်ယာဉ်တစ်စီးတင်ဆောင်ထားတဲ့ ဖျက်သင်္ဘောတစ်စီးနဲ့ P-3C ကင်းလှည့်လေယာဉ် ၂ စီးတို့ကို အရှေ့အလယ်ပိုင်းဒေသတွင်း ဖြတ်သန်းသွားလာနေတဲ့ ဂျပန်သင်္ဘောတွေ လုံခြုံရေးအတွက် စေလွှတ်မယ်လို့ သိရပါတယ်။
အရေးအပေါ်အခြေအနေမှာ စစ်လက်နက်တွေအသုံးပြုဖို့အတွက် အထူးညွှန်ကြားချက်ကို ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သွားမယ်လို့ သတင်းရရှိပါတယ်။
Ref;Reuters