အောက်စီဂျင်အိုးပြောင်းရာမှတစ်ဆင့် ပေါက်ကွဲရာ ငွေ (၁၃) သိန်းနှင့်အတူ လူမှုကူညီရေးယာဉ်တစ်စီး မီး လောင်ဆုံးရူံးပြီး
PUBLISHED - August 28, 2023
နေပြည်တော်၊ သြဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ Denko အထွက်တွင် အောက်စီဂျင်အိုး ပြောင်းရာမှ တစ်ဆင့် ပေါက်ကွဲရာ ငွေ (၁၃) သိန်းနှင့်အတူ လူမှုကူညီရေးယာဉ်တစ်စီး မီးလောင်ဆုံးရူံးသွားကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ယနေ့တွင် အာရှတော်ဝင်ဆေးရုံမှ ဆင်းသည့်လူနာကို အေးချမ်းဖြူစင်မေတ္တာရှင်လူမှုကူညီရေး အသင်းမှ ဖျာပုံမြို့သို့ လူနာအားလိုက်ပို့ရာမှ (DENKO) အထွက်တွင် လူနာမှာ အောက်ဆီဂျင်ပြတ်သွား သောကြောင့် အောက်ဆီဂျင်အိုးချိန်းလိုက်ရာမှတစ်ဆင့် ပေါက်ကွဲပြီး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ထိုမီးလောင်မှှုကြောင့် လူနာနှင့် လူနာရှင်များကို ယာဉ်ပေါ်မှကယ်ထုတ်နိုင်ခဲ့ပြီး ထိုယာဉ်ပေါ်တွင် ငွေ (၁၃) သိန်းနှင့် လူနာတင်ယာဉ်တို့မှာ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
#PeopleMedia