အောက်တိုဘာလ ၇ ရက်နေ့တိုက်ခိုက်မှုဟာ လိုအပ်တဲ့အဆင့်တစ်ရပ်ဖြစ်ပေမဲ့ အမှားအယွင်းတချို့ဖြစ်ပေါ်ခဲ့ ကြောင်း ဟားမတ်စ်အဖွဲ့ဝန်ခံ
PUBLISHED - January 22, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂
အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်ခဲ့တာဟာ ပါလက်စတိုင်းနယ်မြေတွေကိုသိမ်း ပိုက်ထားတဲ့ အစ္စရေးကို ဆန့်ကျင်ရာမှာ လိုအပ်တဲ့အဆင့်တစ်ရပ်ဖြစ်ပေမဲ့ အစ္စရေးလုံခြုံရေးနဲ့ စစ်ဘက်ဆိုင်ရာ စနစ်ရုတ်တရက်ပြိုလဲမှုနဲ့ ဂါဇာဒေသနယ်စပ်တစ်လျှောက်ဖြစ်ပေါ်ခဲ့တဲ့ ပရမ်းပတာအဖြစ်အပျက်တွေကြောင့် အမှားအယွင်းတချို့ ဖြစ်ပေါ်ခဲ့ကြောင်း ပါလက်စတိုင်းစစ်သွေးကြွ အုပ်စုဖြစ်တဲ့ ဟားမတ်စ်အဖွဲ့က တနင်္ဂနွေနေ့ က ဝန်ခံခဲ့ပါတယ်။
တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ ၂၁ ရက်နေ့က အင်္ဂလိပ်လိုရော အာရပ်လိုပါ ထုတ်ပြန်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့က စာမျက်နှာ ၁၆ မျက်နှာပါ အစီရင်ခံစာထဲမှာ အခုလို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
ဂျူးလူမျိုးတွေရဲ့ အားလပ်ရက်နာက်ဆုံးရက်ဖြစ်တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စစ် သွေးကြွအများအပြားဟာ အစ္စရေးနိုင်ငံထဲကို မြေပြင်၊ ဝေဟင်၊ ရေပြင်ကနေ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး လမ်း ပေါ်က အရပ်အသားအများအပြားနဲ့ ပါတီပွဲတော်ပြုလုပ်နေကြတဲ့အရပ်သားအများအပြားကို သတ်ဖြတ်ခဲ့ပါ တယ်။
ဟားမတ်စ်တွေရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးလူမျိုး ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး ၂၅၀ ဝန်းကျင် ဓားစာခံအဖြစ် အဖမ်းခံခဲ့ရပါတယ်။ အခုအချိန်မှာ ဓားစာခံ ၂၇ ဦး အသတ်ခံလိုက်ရပြီး ဓားစာခံ ၁၃၂ ဦး ဂါဇာဒေသက ဟားမတ်စ်တွေလက်ထဲမှာ ကျန်ရှိနေဆဲဖြစ်တယ်လို့ အစ္စရေးအရာရှိတွေက ပြောပါတယ်။
“အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာ သိမ်းပိုက်ထားတဲ့တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့တဲ့ လမ်းကြောင်းမှာ မတော်တဆပစ်ခတ်မှုတွေကြောင့် သေဆုံးရတာဖြစ်ပါတယ်။ အစ္စရေးလူမျိုးအများအပြားဟာ အစ္စရေးစစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးကုန်တာလည်း ရှိပါတယ်။” လို့ ဟားမတ်စ်အဖွဲ့ ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အစ္စရေးဘက်က လက်တုံ့ပြန်တဲ့အနေနဲ့ ဟားမတ်စ်အဖွဲ့ကို စစ်ကြေညာပြီး ဂါဇာကမ်းမြောင်ဒေသကို လေ ကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်တပ်တွေနဲ့လည်း ဂါဇာဒေသကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပါတယ်။
အစ္စရေးဟာ ဂါဇာဒေသကို ဝေဟင်/မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင် သောက်သုံးရေ၊ လျှပ်စစ်မီးနဲ့ စား နပ်ရိက္ခာတွေကိုလည်း ဖြတ်တောက်ထားတဲ့အတွက် အစ္စရေးလုပ်ရပ်ကို ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချခဲ့ပါ တယ်။
အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအများဆုံးပါ ဝင်တဲ့ ပါလက်စတိုင်းလူဦးရေ ၂၅၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ကြောင်း ဟားမတ်စ်ကျန်းမာရေးဝန်ကြီးဌာန က ပြောပါတယ်။
ဟားမတ်စ်တွေ အစ္စရေးကို စတင်ဝင်ရောက်တိုက်ခိုက်စဉ်က ဟားမတ်စ်တွေဟာ အုပ်စုဖွဲ့မုဒိန်းကျင့်ခြင်း၊ လိင် အင်္ဂါဖြတ်တောက်ဖယ်ရှားခြင်းနဲ့ ကလေးသူငယ်တွေနဲ့ အလောင်းကောင်တွေကို လိင်ပိုင်းဆိုင်ရာမဖွယ်မရာ ပြု လုပ်ခြင်းတို့ ဆောင်ရွက်ခဲ့တယ်လို့ အစ္စရေးအရာရှိတွေက အကြိမ်ကြိမ် စွပ်စွဲပြောဆိုခဲ့ပါတယ်။
အစ္စရေးအရာရှိတွေရဲ့ စွပ်စွဲချက်တွေဟာ ဟားမတ်စ်တွေကို နာမည်ဖျက်ဖို့အတွက် လုပ်ကြံပြောဆိုမှုတွေသာ ဖြစ်တယ်လို့ ပြန်လည်ချေပရင်း ဟားမတ်စ်တွေက အဲဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အစ္စရေးတွေရဲ့ စစ်ပွဲနဲ့ ဂါဇာဒေသပြည်သူတစ်ရပ်လုံးကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေတာတွေကို ချက်ချင်း ရပ်တန့်ဖို့ ဟားမတ်စ်အဖွဲ့က တနင်္ဂနွေနေ့က တောင်း ဆိုလိုက်ပါတယ်။
စစ်ပြီးကာလ ဂါဇာဒေသအနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ဖို့ နိုင်ငံတကာနဲ့ အစ္စရေးနိုင်ငံရဲ့ ကမ်းလှမ်းချက်တွေ ကိုလည်း ဟားမတ်စ်အဖွဲ့က ပယ်ချလိုက်ပါတယ်။
“ပါလက်စတိုင်းလူမျိုးတွေရဲ့အနာဂတ်နဲ့ ပြည်တွင်းရေးကို ဆုံးဖြတ်ဖို့ ပါလက်စတိုင်းပြည်သူတွေဆီမှာ စွမ်းရည် ရှိပါတယ်ဆိုတာကို ကျွန်တော်တို့ အလေးထားပြောကြားလိုပါတယ်။ ကမ္ဘာပေါ်က ဘယ်အဖွဲ့အစည်း/ဘယ်နိုင်ငံ ကမှ ကျွန်တော်တို့ကိုယ်စား ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။” လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ပါလက်စတိုင်းတွေဟာ ကျူးကျော်သိမ်းပိုက်သူတွေနဲ့ ကိုလိုနီဝါဒကို ခုခံတွန်းလှန်လာတာ အောက်တိုဘာလ ၇ ရက်နေ့ကမှ စတင်တော်လှန်လာတာမဟုတ်ဘဲ ဗြိတိသျှအုပ်ချုပ်မှု နှစ်ပေါင်း ၃၀ ကာလနဲ့ ဇီယွန်ဝါဒတွေရဲ့ သိမ်းပိုက်မှု ၇၅ နှစ်ကာလ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၅ နှစ်ကတည်းက စတင်ခဲ့တာဖြစ်ကြောင်း ပဋိပက္ခအကြောင်း ရင်းကို ဟားမတ်စ်အဖွဲ့က ထောက်ပြခဲ့ပါတယ်။
အစ္စရေးတွေလုပ်ခဲ့လို့ ပါလက်စတိုင်းပြည်သူတွေခံစားခဲ့ရတဲ့ ထိခိုက်နစ်နာမှုတွေအတွက် အစ္စရေးနိုင်ငံက တရားဝင် တာဝန်ခံရမှာဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့က ပြောပါတယ်။
Ref: Hamas Says October 7 Attacks ‘Necessary Step,’ But Admits ‘Faults’
#PeopleMedia