• Follow Us on
Latest News

Home အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ တရုတ်နိုင်ငံသား ၁၁၃၃၉ ဦးတို့ကို သက်ဆိုင်ရာတာဝန်ရှိ သူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့

အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ တရုတ်နိုင်ငံသား ၁၁၃၃၉ ဦးတို့ကို သက်ဆိုင်ရာတာဝန်ရှိ သူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၈

 

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ် ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

 

ထိုသို့လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် တရုတ်နိုင်ငံသား အမျိုးသား ၇၁ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၇၉ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၁၀၁၀၁ ဦး၊ အမျိုးသမီး ၁၂၃၈ ဦး၊ စုစုပေါင်း ၁၁၃၃၉ ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင် ရွက်နိုင်ခဲ့သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသား များအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post