အောက်တိုဘာ ၇ ရက်နေ့တိုက်ခိုက်မှုအတွက် ဟားမတ်စ်တွေလေ့ကျင့်ခဲ့တဲ့နေရာကို အစ္စရေးကြည်းတပ် ဝင်ရောက်စီးနင်းသိမ်းပိုက်
PUBLISHED - February 5, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၅
အစ္စရေးနိုင်ငံကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့က တိုက်ခိုက်ဖို့အတွက် လေ့ကျင့်ပြင်ဆင်ရာမှာ ဟား မတ်စ်စစ်သွေးကြွတွေ အသုံးပြုခဲ့တဲ့ လေ့ကျင့်ရေးစခန်းတစ်ခုကို အစ္စရေးတပ်ဖွဲ့ဝင်တွေ စီးနင်းသိမ်းပိုက်ခဲ့ ကြောင်း အစ္စရေးကြည်းတပ်က တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ပါလက်စတိုင်းနယ်မြေတောင်ပိုင်းက အဓိကမြို့ဖြစ်တဲ့ ခန်းယူနစ်မြို့မှာရှိတဲ့ အဲဒီစခန်းမှာ အစ္စရေးစစ်စခန်းတွေ၊ သံချပ်ကာယာဉ်တွေနဲ့ အစ္စရေးလယ်ယာမြေစုပေါင်းအိမ်ရာတွေကို ဝင်ပေါက်တွေကို သဏ္ဍန်တူအတုတွေပြု လုပ်ထားတယ်လို့ ကြည်းတပ်ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဟားမတ်စ်အဖွဲ့ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အက်ဇ်ဒီနန်းလ်ကာဆမ်တပ်မဟာရဲ့ ထိပ်တန်းအကြီးအကဲဖြစ်သူ မိုဟာမက်ဆင်ဝါရဲ့ ရုံးခန်းကိုလည်း ဝင်ရောက်စီးနင်းခဲ့ပါတယ်။
မိုဟာမက်ဆင်ဝါဟာ အောက်တိုဘာလ ၇ ရက်တိုက်ခိုက်မှုနောက်ကွယ်ကနေ အဓိကကြိုးကိုင်ခဲ့တဲ့သူလို့ ယုံ ကြည်ရတဲ့ ဂါဇာဒေသ ဟားမတ်အဖွဲ့အကြီးအကဲ ယာဟယာဆင်ဝါရဲ့ အစ်ကိုဖြစ်တယ်လို့လည်း ဆိုပါတယ်။
ခန်းယူနစ်မြို့က အယ်လ်ကာဒီဆီယာခြံဝင်းကို ဝင်ရောက်စီးနင်းတဲ့အချိန်မှာ ဟားမတ်စ်အဖွဲ့ဝင်လေးငါးဦးက ပြန်လည်ခုခံပစ်ခတ်ခဲ့တယ်လို့ အစ္စရေးကြည်းတပ်က ပြောပါတယ်။
ဟားမတ်စ်စစ်သွေးကြွအုပ်စုကို အစ္စရေးတပ်ဘက်က စနိုက်ပါတွေ၊ တင့်ကားတွေနဲ့ လေကြောင်းတိုက်ခိုက်မှု တွေအသုံးပြုပြီး ချေမှုန်းခဲ့တယ်လု့ိ ဆိုပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ အောက်တိုဘာလ ၇ ရက်နေ့က အငိုက်ဖမ်းတိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံမှာ အရပ်သား အများစုပါဝင်တဲ့ ၁၁၆၀ ဦး သေဆုံးခဲ့ကြောင်း AFP က ပြောပါတယ်။
စစ်သွေးကြွအုပ်စုဟာ ဓားစာခံ ၂၅၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားရာမှာ ဂါဇာကမ်းမြောင်ဒေသမှာ ဓားစာ ခံ ၁၃၂ ဦး ကျန်ရှိနေဆဲဖြစ်ပြီး ၂၇ ဦးကတော့ သေဆုံးသွားပြီလို့ ယူဆရကြောင်း အစ္စရေးက ပြောပါတယ်။
ဟားမတ်စ်အဖွဲ့ကို အစ္စရေးက ဝေဟင်/မြေပြင် လက်တုံ့ပြန်တိုက်ခိုက်ရာမှာ ဂါဇာကမ်းမြောင်ဒေသမှာ အမျိုး သမီးနဲ့ ကလေးသူငယ်အများစုပါဝင်တဲ့ ပါလက်စတိုင်း ၂၇,၃၆၅ ဦး သေဆုံးသွားပြီဖြစ်ကြောင်း ဟား မတ်စ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
Ref: Israel Army Says Raided Hamas Compound Used to Train for October 7
#PeopleMedia