အောက်လွှတ်တော်အထူးကော်မတီ ကုန်းတွင်းတံတားစီမံချက် ကွင်းဆင်းလေ့လာမည်
PUBLISHED - January 2, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂
ကုန်းတွင်းတံတားစီမံချက် လေ့လာနေတဲ့ အောက်လွှတ်တော်အထူးကော်မတီတစ်ရပ်က စီမံချက်နဲ့ ပတ်သက် ပြီး သတင်းအချက်အလက်စုဆောင်းဖို့နဲ့ ဒေသခံလူထုအပေါ် အကျိုးသက်ရောက်မှုတွေကို လေ့လာဖို့အတွက် ထိုင်းနိုင်ငံ ချွန်ဖုန်နဲ့ ရနောင်းမြို့မှာ အဆိုပြုထားတဲ့နေရာတွေကို သွားရောက်လေ့လာမယ်လို့ သိရပါတယ်။
စီမံချက်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေနဲ့ ထင်မြင်ယူဆချက်တွေပြောပြဖို့ သက်ဆိုင်ရာအဖွဲ့အစည်း တွေကို ဖာယိုပြည်နယ် ဖီယူထိုင်းပါတီလွှတ်တော်အမတ် ဝီဆတ်ချိုင်နာရွန်ဦးဆောင်တဲ့ အဲဒီကော်မတီက ဖိတ် ခေါ်ထားပါတယ်။
အဖွဲ့ရဲ့လေ့လာမှုတွေ ပြီးပြည့်စုံတဲ့လေ့လာမှုဖြစ်ပြီး သတင်းအချက်အလက်ကောင်းစွာရရှိရေး တိတိကျကျ ဆောင်ရွက်နိုင်အောင် ပါဝင်ပတ်သက်တဲ့အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ အရှိန်မြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာကြားမှာရှိတဲ့ ဆိပ်ကမ်းတွေ၊ ရထားလမ်းစနစ်တွေနဲ့ ကားလမ်းစနစ်တွေ ကြား ဆက်သွယ်ထားတဲ့ လော်ဂျစ်စတစ်သယ်ယူပို့ဆောင်ရေးကွန်ရက်သစ်တစ်ခုဖန်တီးဖို့ ရည်ရွယ်ထားတဲ့ ကုန်းတွင်းတံတားစီမံချက်ကို အဲဒီစီမံကိန်းလမ်းကြောင်းတစ်လျှောက် ထိုင်းနိုင်ငံရဲ့ ယှဉ်ပြိုင်မှုအရည်အသွေးနဲ့ စီးပွားရေးတိုးတက်မှုမောင်းနှင်အားကို မြှင့်တင်ပေးသွားမယ်လို့ မျှော်လင့်ထားကြောင်း သယ်ယူပို့ဆောင်ရေး၊ ယာဉ်သွားလာမှု မူဝါဒနဲ့ စီမံကိန်းဌာနရုံးက ပြောပါတယ်။
စီမံချက်အဆိုပြုထားတဲ့နယ်မြေတွေဟာ စစ်မက်ဖြစ်ပွားနေတဲ့အချိန်မှာ မဟာဗျူဟာမြောက်နေရာတွေဖြစ်လာ နိုင်တဲ့အတွက် အမျိုးသားလုံခြုံရေးရိုက်ခတ်မှုတွေနဲ့ပတ်သက်ပြီး အထူးစေ့စေ့စပ်စပ် လေ့လာဖို့လိုအပ်ကြောင်း ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေးဌာနချုပ်က အလေးထားပြောကြားပါတယ်။
တင်ဒါအောင်အနိုင်ရရှိမယ့် နိုင်ငံတစ်နိုင်ငံတည်းက ရင်းနှီးမြှုပ်နှံသူတွေကို စီမံချက်လုပ်ငန်းရဲ့ ပင်လယ်ဆိပ် ကမ်းတွေ ဆောင်ရွက်ခွင့်ပေးလိုက်မယ်ဆိုရင် အဲဒီရင်းနှီးမြှုပ်နှံသူတွေဟာ အမျိုးသားလုံခြုံရေးကို ရိုက်ခတ်နိုင် တဲ့ စစ်သင်္ဘောတွေ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ခွင့်ပြုနိုင်ဖွယ်ရှိတဲ့အတွက် စိုးရိမ်ရကြောင်း အဓိက အ တိုက်အခံ Move Forward ပါတီက အောက်လွှတ်တော်ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီစိုးရိမ်ပူပန်မှုနဲ့ပတ်သက်ပြီး စစ်သင်္ဘောတွေက ဘယ်ဆိပ်ကမ်းနေရာကို အသုံးပြုသည်ဖြစ်စေ သံတမန်လုပ် ထုံးလုပ်နည်းအတိုင်းသွားရမှာဖြစ်သလို သဘောတူစာချုပ်တွေချုပ်ဆိုထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ကြောင်း ရေတပ်က ကိုယ်စားလှယ်တစ်ဦးက ရှင်းပြပါတယ်။
နိုင်ငံတော်အဖွဲ့အစည်းတွေက ပြင်ဆင်တင်ပြထားတဲ့ ကုန်းတွင်းတံတားစီမံချက်အစီရင်ခံစာထဲမှာ ကွန်တိန်နာ သင်္ဘောတွေဟာ ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ အသုံးပြုနေတဲ့သင်္ဘောအမျိုးအစားပဲ မဟုတ်ကြောင်းဆိုတဲ့ အရေးကြီးတဲ့ အသေးစိတ်အချက်အလက်တွေကိုထည့်သွင်းခဲ့ခြင်းမရှိဘူးလို့ ထိုင်းနိုင်ငံ သင်္ဘောပိုင်ရှင်များအ သင်း TSA က ထောက်ပြခဲ့ပါတယ်။
ကွန်တိန်နာသင်္ဘောတွေဟာ ဂျုံတွေလို ကုန်ပစ္စည်းတချို့အတွက် မသင့်တော်ကြောင်း၊ အဲဒီသတင်းအချက်အ လက်တွေထည့်သွင်းဖို့ ပျက်ကွက်ခဲ့တာဟာ စီမံချက်ဆန်းစစ်လေ့လာမှုကို မပြည့်မစုံဖြစ်စေနိုင်ကြောင်း TSA က ပြောပါတယ်။
ကုန်းတွင်းတံတားစီမံချက်မှာ ဖော်ပြထားတဲ့ စီးပွားရေးအကျိုးအမြတ်တွေဟာ လွန်လွန်ကဲကဲ ပုံကြီးချဲ့ဖော်ပြ ထားတယ်လို့ ချူလာလောင်ကွန်တက္ကသိုလ်နဲ့ အမျိုးသားစီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီက ပြု လုပ်ခဲ့တဲ့ ဆန်းစစ်လေ့လာမှုတွေက ထောင်ပြထားကြောင်း TSA က ပြောပါတယ်။
Ref: MPs to inspect Land Bridge project
#PeopleMedia