• Follow Us on
Latest News

Home အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သွားရောက်ကြည့်ရှုအားပေး

အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သွားရောက်ကြည့်ရှုအားပေး

Share this post

နေပြည်တော်၊ မတ် ၂၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ယမန်နေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။

 

ထိုနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ ကျန်းမာရေး တိုးတက်ကောင်းမွန်လာမှု အခြေအနေများကို တစ်ဦးချင်း မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။

 

#PeopleMedia


Share this post