အောင်မြေသာစံမြို့တွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ
PUBLISHED - February 26, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၄ လမ်းနှင့် ၁၅ လမ်းကြား ၈၇ လမ်းဘေးရှိ ရေမြောင်းအနီးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီအချိန်တွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့များမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုဓားဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားကို မန္တလေးပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားကြောင်း၊ မည်သူများမှ ဓားဖြင့်ထိုးသတ်သွားသည်ကို သိရှိရခြင်းမရှိကြောင်း၊ ပြီးခဲ့သည့်နှစ်ကလည်း ချမ်းအေးသာစံ မြို့တွင် အလုပ်သင် ဒု-ရဲအုပ် ရဲမေတစ်ဦးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားသည့် ဖြစ်စဉ်များရှိခဲ့သည်။
Photo – Credit
#PeopleMedia